ညအိပ်မပျော်နိုင်ဖြစ်လောက်တဲ့အထိ ပရိသတ်တွေဆီက Surprise လက်ဆောင်တွေရခဲ့တဲ့ ကျော်ထက်ဇော်

ကျော်ထက်ဇော်ကတော့ ပရိတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။ ကျော်ထက်ဇော်ကတော့ မနေ့က ညက သူ့ရဲ့ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အိပ်မပျော်နိုင်ဖြစ်တဲ့ အထိ အံ့သြဝမ်းသာခဲ့ရတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေအခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။

“ဒီညတော့ အိပ်မပျော်နိုင်အောင်ပါပဲဗျာ။ ခရီးကပြန်ရောက်ရောက်ချင်း Shooting ကိုတန်းဝင် အားလုံးလည်းပြီးရော အိမ်ရောက်တာနဲ့တန်းအိပ်တော့မယ်ဆိုပြီး အိမ်ထဲလည်းအဝင် ဒီလိုလေးစီးကြိုနေတော့ ပင်ပန်းသမျှအမောပြေရပါပြီ ဇော်ဂျီလေးတို့ရေ.”ဆိုပြီး ပရိသတ်တွေပေးပို့တဲ့ Surprise လက်ဆောင်တွေကြောင့် အံ့သြပျော်ရွှင်ဖြစ်ခဲ့ရကြောင်းနဲ့ ကြိုးစားရသမျှအမောပြေသွားခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။

ကျော်ထက်ဇော်ကတော့ လက်ဆောင်ပစ္စည်းတွေအားလုံးကို တန်ဖိုးထားရင်း အသိအမှတ်ပြုတဲ့အနေနဲ့ အမှတ်တရသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့ပြီး အမြတ်တနိုးသိမ်းထားမှာပါတဲ့။CeleGabar ပရိသတ်ကြီးရေ ကျော်ထက်ဇော်ရဲ့ ပရိသတ်တွေကတော့ ကျော်ထက်ဇော်ကို တော်တော်လေးချစ်တာပဲနော်။

Chilli – CeleGabar
Source – Kyaw Htet Zaw