ဖခင်ဖြစ်သူကိုမွေးနေ့ Surprise လုပ်ပေးခဲ့တဲ့အမှတ်တရကို ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တဲ့ မေမီကိုကို

မေမီကိုကိုကတေ့ာ ပရိသတ်အချစ်တော်ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးတွေထဲကတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်တိုင်းမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသူတစ်ယောက်ပါ။ မြိုင်ဇာတ်ရုပ်နဲ့ဆုရရှိထားသလို လက်ရှိပြသနေတဲ့ “ဂျီဟောသူ” ဇာတ်ကားမှာလည်း ညိုထွေးဖြစ်ခဲ့တယ်ဆိုပြီးလည်း ချီးကျူးခံရသူပါ။


မေမီကိုကိုကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုပရိသတ်တွေကိုမျှဝေသလို ဖခင်ဖြစ်သူရဲ့မွေးနေ့မှာ အမှတ်တရတွေကို ဖန်တီးပေးဖြစ်ခဲ့တာလေးကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေလာတာပါ။ မိသားစုဝင်တွေက ဖခင်ဖြစ်သူကိုမထင်မှတ်ထားတဲ့အချိန်မှာ ကိတ်မုန့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့ကြတာပါ။ ပြီးတော့လည်း ကိတ်မုန့်ခွံ့ကျွေးနေကြတဲ့ပုံရိပ်လေးတွေကိုလည်း ဗီဒီယိုလေးနဲ့အတူပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။


မိဘတွေကတော့ သားသမီးတိုင်းကိုပြုစုပျိုးထောင်ခဲ့သလို သားသမီးတွေဆီကဂရုစိုက်မှုတွေရရှိတာကလည်း တကယ့်ကိုကြည်နူးစရာအခြေအနေပါ။ မေမီကိုကိုကတော့ ဖခင်ဖြစ်သူရဲ့မွေးနေ့မှာကြည်နူးစရာလေးဖြစ်အောင်ဖန်တီးပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်းခံစားချက်တွေကူးစက်နေမှာ အမှန်ပါပဲနော်…

Source : MayMiKoKo