ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ ပထမဦးဆုံးအတူတူ သရုပ်ဆောင်ထားတဲ့ကြော်ငြာလေး

ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ကတော့ ဟိုးအရင်ကတည်းက ရင်းနှီးခဲ့သူတွေပီပီ မကြာခဏဆိုသလို တတွဲတွဲတွေ့မြင်ရသူတွေပါ။ ထက်ထက် မိုးကုတ်ပြန်တိုင်း Tik Tok လေးတွေ အတူတူဆော့ပြီး ပရိသတ်တွေကို မျှဝေလေ့ရှိတဲ့အပြင် သူငယ်ချင်းကောင်းတွေပီပီ ဒီဇိုင်နာမျိုးမင်းစိုးကတော့ လတ်တလော ထက်ထက်ရဲ့အဖေ ဆေးရုံတက်နေရတာကိုလည်း သွားရောက်အားပေးခဲ့ပါသေးတယ်။

ဒီဇိုင်နာမျိုးမင်းစိုးကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် မင်းသား၊မင်းသမီးတွေနဲ့ တွဲဖက်တွေ့မြင်ရလေ့ရှိတဲ့အပြင် အလှူအတန်းရက်ရောသူတစ်ယောက်မို့ ပရိသတ်တွေ လေးစားချစ်ခင်နေရသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ကျွန်တော်နဲ့ထက်ထက်မိုးဦးနဲ့ရိုက်ထားတဲ့ Lavie Myanmar Luxury ကြော်ငြာလေးပါ… သရုပ်တော့သိပ်မဆောင်တက်လို့ Designer တစ်ယောက်အနေနဲ့ပဲကြည့်ပေးပါနော်” ဆိုပြီး ကြော်ငြာလေးတစ်ခုကို မျှဝေခဲ့ပါတယ်။

ထက်ထက်နဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့ ရိုက်ကူးထားတဲ့ကြော်ငြာလေးကတော့ ထက်ထက်နာမည်ကျော်ကြားခဲ့တဲ့ ဟိုးအရင်တုန်းကအချိန်တွေကို ပြန်လည်သတိရစေမှာ အမှန်ပါပဲ… ကျွန်မကိုချစ်ရင်မောင်ကြီးရေ ဝယ်ပေးပါလား ဆိုတဲ့ကြော်ငြာလေးအတိုင်း ထက်ထက်ကတော့ ဒီကြော်ငြာလေးထဲမှာလည်း လိုချင်နေတာတွေပူဆာနေတာ ချစ်စရာလေးပါပဲနော်။ ဒီဇိုင်နာမျိုးမင်းစိုးကလည်း သရုပ်ဆောင်တစ်ယောက်မဟုတ်ပေမယ့် ထက်ထက်နဲ့အတွဲညီညီသရုပ်ဆောင်ထားတာကတော့ ချစ်စရာလေးမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Myo Minn Soe
Rainbow- Cele Gabar