(၈၉) မိုင် YGW မိဘမဲ့ကလေးကျောင်းအတွက် သုံးသိန်း မတည်လှူဒါန်းပေးသွားမယ့် ယုန်လေး

လိုအပ်နေတဲ့နေရာတိုင်းကို လက်မနှေးကူညီတတ်သူတစ်ယောက်အဖြစ် ပရိသတ်တွေလေးစားချစ်ခင်လာရတဲ့ ယုန်လေးကတော့ ဒီတစ်ခေါက်မှာလည်း သူကိုယ်တိုင်သွားလှူမယ့် အလှူလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ယုန်လေးကတော့ ကိုဗစ်ကာလစတင်ကတည်းက သူ့မှာရှိသမျှပိုက်ဆံတွေ မကျန်တော့တဲ့အထိ ဆက်တိုက်လှူဒါန်းခဲ့သူတစ်ယောက်ပါ။

အများကို ကူညီလိုတဲ့ပြင်းပြတဲ့စိတ်ကြောင့် မိတ်ဆွေထိုင်းမော်ဒယ်လ်တချို့က လှူဒါန်းဖို့ ကူညီလာကြတဲ့အပြင် ကိုဗစ်ကာလမှာတောင် Ve Ve အချိုရည်ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခံခဲ့ရပြီး လှူဒါန်းဖို့လည်း မိတ်ဆွေအပေါင်းအသင်း ပရိသတ်တွေကပါ ဝိုင်းဝန်းကူညီလာကြတဲ့အထိပါပဲ ပရိသတ်ကြီးရေ.. ဒီတစ်ခေါက်မှာလည်း အမြန်လမ်း(၈၉) မိုင်မှာတည်ထောင်ထားတဲ့ အဝါရောင်မျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ မိဘမဲ့ကလေးကျောင်းလေးကို လာမယ့်ဇူလိုင်(၅) ရက်နေ့မှာ သွားရောက်လှူဒါန်းမှာဖြစ်တဲ့အကြောင်း မျှဝေခဲ့ပါတယ်။

အဲ့ဒီမိဘမဲ့ကလေးကျောင်းမှာတော့ နို့စို့အရွယ်ကနေ (၁၅) နှစ်အရွယ်လောက်ထိ ကလေးပေါင်း (၆၅၀) လောက်ရှိပြီး နို့စို့အရွယ်ကလေးတွေအတွက် နို့မှုန့်လုံးဝမရှိတော့တဲ့အပြင် ပညာသင်နေတဲ့ကလေးတွေအတွက်လည်း စာအုပ်ဒါဇင်(၅၀၀)လိုအပ်နေတယ်လို့ သိရပါတယ်ပရိသတ်ကြီးရေ.. ယုန်လေးကတော့ သူကိုယ်တိုင် သုံးသိန်းမတည် လှူဒါန်းခဲ့တဲ့အပြင် မိတ်ဆွေအပေါင်းအသင်း ပရိသတ်တွေကိုလည်း သူ့ရဲ့အလှူလေးမှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံခဲ့တာမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။


Source – Yone Lay
Rainbow- Cele Gabar