ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် မေသန်းနု

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီမေသန်းနုကတော့ (၂၀၂၀)ခုနှစ် နှစ်စပိုင်းလောက်မှာ ငွေကြေးလိမ်လည်မှုကြောင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူပါ။ ခင်ပွန်းဟောင်းဖြစ်သူ စင်ယော်မောင်မောင်က မဆင့်အတွက် အမျိုးမျိုးကြိုးစားကူညီပေးခဲ့ပေမယ့်လည်း ရှောင်လွဲမရတဲ့ပြစ်ဒဏ်ကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။

ယခုနှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာလည်း မဆင့်ရဲ့ချစ်ပရိသတ်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မဆင့်အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းခဲ့ပေမယ့်လည်း ဆုတောင်းမပြည့်ခဲ့ပါဘူး။ ဒါ့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း မဆင့်ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ ကောလာဟလစကားတချို့ထွက်ပေါ်ခဲ့သေးပေမယ့် အမှန်မဟုတ်ခဲ့ပါဘူး။

‘ဒါပေမယ့် ဒီနေ့မှာတော့ ခင်ပွန်းဟောင်းဖြစ်သူစင်ယော်မောင်မောင်ကိုယ်တိုင်က မိသားစုဓာတ်ပုံလေးနဲ့အတူ မဆင့်ပြန်လည်လွတ်မြောက်လာပါပြီခင်ဗျ ဆိုပြီး ပျော်ရွှင်စရာသတင်းစကားလေးကို မျှဝေခဲ့ပါတယ်။ မဆင့်ပြန်လည်လွတ်မြောက်လာတဲ့အခါ နေထိုင်ဖို့စီစဉ်ပေးခဲ့တဲ့အိမ်လေးက အခုဆိုအသက်ဝင်လာတော့မှာမို့ ဝမ်းသာစရာပါပဲ ပရိသတ်ကြီးရေ…


Source – Zin Yaw Mg Mg
Rainbow- Cele Gabar