မြန်မာအကကို ပထမဆုံး သင်ဖူးတာဆိုပေမယ့် အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ သဲ လို့ ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ကတော့ မာလာမြိုင်မိုးရာသီ သဘင်ပွဲတော် အငြိမ့်အဖွဲ့မှာ ဟန်ဇာမိုးဝင်း တင်မောင်ဆန်းမင်းဝင်း တို့နဲ့အတူ ဝင်ရောက်ကပြ ဖျော်ဖြေခဲ့ပါတယ် ။ သူမအတွက် တကယ့်ကိုမှ အမှတ်တရ ဖြစ်ရတဲ့ညလေး ဖြစ်ခဲ့သလို တစ်ခါမှ မြန်မာအက မသင်ခဲ့ဖူးပေမယ့် အစ်ကိုအမတွေကို ချစ်တဲ့စိတ်သက်သက်နဲ့ကို ဝင်ကဖြစ်ခဲ့တာ လို့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။

သဲတို့ ‘ဆိုးပေ’ ပြီးတည်းကပေါင်းတဲ့ gp လေးက အရမ်းချစ်ဖို့ကောင်းတယ် အသက်ရွယ်တွေမတူပဲ မိသားစုလို အမြဲသွားအတူ လာအတူ စားအတူဖြစ်နေကြတာ အားလုံးလည်း သတိထားမိကြမှာပါ… ခုလို ပွဲကြီးမှာသဲကို ပါဝင်ကပြဖို့ ဖိတ်ကြားတဲ့တွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမ ဖျော်ဖြေကပြခဲ့တဲ့ ညက အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့အကလေးကို သဘောကျကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။

သဲ ကလည်း နောက်ဆို ဒီထပ်ပိုကောင်းအောင် ကြိုးစားပါ့မယ်….သင်ထားတဲ့ အပုဒ်အပြင် ရုတ်တရက်ကြီးတွေအသစ်တွေကခိုင်းပြီးဆေးထိုးကြတဲ့ အကိုနှစ်ယောက်ကိုလည်း သမီးဘက်ကပြန်ဆေးထိုးဖို့ ပြင်ထားပါပြီနော် ဆိုတဲ့စာသားလေးနဲ့အတူ သူမကို ဆေးထိုးတဲ့အစ်ကိုနှစ်ယောက်ကိုလည်း ပြန်လည် အရွှန်းဖောက် စနောက်ထားပါသေးတယ် ။

Source : Thazin Htoo Myint
Maria (Yaung Chi)

x
error: Content is protected !!