မောင်ချောလေးရဲ့ မွေးနေ့အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် မင်းသမီးချော နန်းဆုရတီစိုးက သူ့ရဲ့မောင်လေးအတွက် မွေးနေ့ဆုတောင်းစကားလေးဆိုလာပါတယ်။ “Happy Birthday my lovely Mg lay. အချစ်ဆုံး မောင်လေး မွေးနေ့မှာပျော်ရွှင်ပါစေ ကျန်းမာဘေးကင်းပါစေ.. ကိုယ့်အမကို ဒီထက်မက ပိုပိုပြီးချစ်နိုင်ပါစေ”ဆိုပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးထားတာပါ။

မောင်လေးအတွက် မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ “အရင်ကဆို တစ်နှစ်တစ်ခါ ဆုံနေကြ အခုတော့ covid ကြောင့် သူလည်းပြန်မလာဖြစ် နန်းဆုလည်းသွားလို့မရတော့ အရမ်းလွမ်းနေပါပြီ အရင်ကလို ခရီးတွေတူတူထွက် မုန့်တွေစားပြီး အမှတ်တရတွေဖန်တီးချင်နေပါပြီ လွမ်းလို့ အမှတ်တရပုံလေးတွေ အများကြီး စုတင်လိုက်တယ်”လို့ မောင်လေးနဲ့ Covid ကြောင့် မတွေ့ရတဲ့အတွက် မောင်လေးကို လွမ်းနေကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးတွေလည်း ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ အချစ်ရဆုံးမောင်ချောလေးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ပေးပါဦး ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Nansu Yati Soe