စိန်ဆိုင်တွေက Live Sale ရောင်းဖို့မနည်း ရက်ချိန်းချိတ်နေရတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်အချစ်တော် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကိုယ်ပိုင် စီးပွားရေးတစ်ခုအဖြစ် အနုပညာကြေးယူကာ စိန်ဆိုင်တွေနဲ့ တခြား Online Shopping တွေအတွက် Live Sale ရောင်းချပေးရာကနေ အောင်မြင်လာခဲ့ပြီး အခုဆို ကမ်းလှမ်းသူတွေ အတော်ကိုများပြားနေခဲ့ပြီဖြစ်ပါတယ် ။

Live Sale တွေရောင်းချလို့ရတဲ့ အနုပညာကြေးတွေနဲ့ ခမ်းနားတဲ့အိမ်ကြီးတစ်လုံးကို ဝယ်ယူနိုင်ခဲ့ပါတယ် ။ လတ်တလောမှာတော့ သူမမှာ အလုပ်တွေဘယ်လောက်များတယ်ဆိုတဲ့အကြောင်းကို နှိုင်းယှဉ်က ခုလိုပြောပြလာခဲ့ပါတယ် ။ စိန်ဆိုင် ချိတ်တဲ့ အမ တစ်ယောက်က လွန်ခဲ့တဲ့ ၃ ရက်လောက်တုန်းက ဖုန်းဆက်သေးတယ် ၁ လပိုင်းထဲပေးမယ်ဆိုပီး ခု ပြန်ဆက်တော့ မရတော့ဘူးပြောတယ် မြန်လိုက်တာတဲ့…ဟုတ်ကဲ့ မြန်တယ် အမလို့ပဲ ပြောလိုက်နိုင်တယ်….အားနာလိုက်တာ လို့ရေးသားခဲ့တာပဲဖြစ်ပါတယ် ။

သူမကို လာအပ်တဲ့ အလုပ်တွေ အရမ်းများနေလို့ ရက်ချိန်းယူဖို့တောင် အခက်တွေ့နေတဲ့အထိ အလုပ်တွေ များနေခဲ့တာပါ ။ ပရိသတ်တွေကတော့ ခုလို ကိုဗစ်ကာလမှာ အလုပ်တွေ အရမ်းမလုပ်ပဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက်ချစ်ခင်စွာနဲ့ မှတ်ချက်လေးတွေ ပေးထားကြတာလည်းတွေ့ရပါတယ် ။

Source : Nhying Myint Moh
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …