ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာအဖြစ်ရပ်တည်နေသလို ရရှိသမျှဝင်ငွေတွေကိုလည်း အမြဲလိုလိုလှူဒါန်းမှုပြုနေသူတစ်ယောက်ပါ။ ကိုဗစ်ကာလအတွင်းမှာလည်း မကြာခဏလှူဒါန်းမှုတွေပြုခဲ့ပြီး အခုလည်း ကိုဗစ်ကြောင့်စားဝတ်နေရေးအခက်ကြုံနေတဲ့မိသားစုတွေကို လှူဒါန်းခဲ့ပြန်ပါတယ်။
အလှူအကြောင်းကိုသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့အလှူ ၂၃-၁၂-၂၀၂၀ ဆန်(၂၄)ပြည်အိတ် ( ၃၄၀ )အိတ် ၊PPE ဝတ်စုံ၂၀၀၊ ခေါက်ဆွဲခြောက်ထုတ် (၉၀၀) တန်ဖိုးငွေစုစုပေါင်း( ၁၆၇ )သိန်း(တစ်ရာခြောက်ဆယ်ခုနှစ်သိန်း) ဖိုးကို အဖြူရောင်နှလုံးလူမူရေးအသင်းနဲ့ မိတ်ဆွေသူငယ်ချင်းတွေစုပေါင်းပြီးပြင်ဦးလွင်အနီးတဝိုက်မှာရှိကြတဲ့covid ကြောင့်စားဝတ်နေရေးအခက်အခဲကြုံနေကြတဲ့အိမ်ထောင်စုဝင်တွေကိုလှုဒါန်းမှာပါ။ COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ပြင်ဦးလွင်မြို့ မှတဆင့်ပေးအပ်လှူဒါန်းပေးမှာပါ……ခုလိုအချိန်တွေမှာလူတိုင်းအနည်းနဲ့အများ အခက်အခဲလေးတွေရှိနေကြပေမဲ့ လည်းကိုယ့်ထက်ခက်ခဲတဲ့သူတွေအတွက်… ကိုယ်လည်းတစ်တပ်တစ်အားပါဝင်လှူဒါန်းထားတဲ့ကာလဒါနအလှူလေးတခုပါ။ ပါဝင်လှူနိုင်ခဲ့ရလို့ပီတိဖြစ်ရပါတယ်…အမြဲလှူဒါန်းနိင်တဲ့လက်တစ်စုံဖြစ်ပါရစေ.. ” ဆိုပြီးတော့ ရေးသားထားပါတယ်။
မျိုးမင်းစိုးကတော့ အလှူအတန်းများစွာပြုလေ့ရှိတာကြောင့် ဘွဲ့တံဆိပ်တွေလည်းရရှိထားသူပါတယ်။ အခုလည်းကိုဗစ်ကာလမှာဆက်တိုက်လှူဒါန်းနေတာဖြစ်ပြီး ပြင်ဦးလွင်အနီးတဝိုက်မှာရှိကြတဲ့ covid ကြောင့်စားဝတ်နေရေးအခက်အခဲကြုံနေကြတဲ့အိမ်ထောင်စုဝင်တွေကိုလှုဒါန်းခဲ့တာပဲဖြစ်ပါတယ်။
Source : MyoMinSoe