ဘယ်သွားသွားသားနဲ့ သမီးပါမှစိတ်ဖြောင့်တယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

အသံဝဲဝဲလေးရယ် ချစ်စရာဟန်ပန်အမှုအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်မာရထားတဲ့သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ချစ်စရာကောင်းတဲ့ သားတစ်ယောက် သမီးတစ်ယောက် ကိုပိုင်ဆိုင်ထားပြီး သူမ ကလေးတွေကို ချစ်မဝဖြစ်နေတာပါ ။

သဉ္ဇာကတော့ သားလေးနဲ့ သမီးလေးကို သူမဘယ်သွားသွား ခေါ်သွားလေ့ရှိပြီး ချစ်စရာ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။ လတ်တလောမှာတော့ ဘယ်သွားသွားသားနဲ့ သမီးပါမှ စိတ်ဖြောင့်တယ် အိမ်မှာချန်ထားခဲ့ရင်ခဏဆိုလွမ်းလာလို့ အမြဲခေါ်သွားတော့ ကြာကြာလည်ရတာပေါ့ ဆိုတဲ့စာသားလေးနဲ့အတူ သူမ ကလေးတွေနဲ့အပြင်သွားလည်တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ သဉ္ဇာကို သားသမီးတွေအပေါ် အရမ်းချစ်တတ်တဲ့ မေမေ ဖြစ်နေပြီ ဆိုတဲ့ မှတ်ချက်လေးတွေ ပေးထားကြပါတယ် ။ သဉ္ဇာတို့မိသားစုလေးကိုချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ချစ်စဖွယ် မိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thinzar Nwe Win
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …