ကိုဗစ်ကြောင့် ဖျော်ဖြေတင်ဆက်ရိုက်ကူးမှုမှာ တော်တော်လေးအလုပ်ရှုပ်ရတဲ့အကြောင်းပြောလာတဲ့ အိမ့်ချစ်

ပရိသတ်ကြီးရေ တေးသံရှင် အိမ့်ချစ်ကတော့ ကိုဗစ်ကြောင့် သူမရဲ့ ဖျော်ဖြေပွဲလေးဟာ တော်တော်အလုပ်ရှုပ်ခဲ့ရကြောင်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။အိမ့်ချစ်တစ်ယောက် ဒီနေ့ GR Group International ရဲ့ Zoom App ကနေ တင်ဆက်မယ့်Annual Staff Party အတွက် ဖျော်ဖြေတင်ဆက်ရိုက်ကူးမှုလေးတစ်ခုပြုလုပ်နေတာပဲဖြစ်ပါတယ် ။

ဒီရိုက်ကူးမှုအတွက် သူမက ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask , Faceshield, လက်အိတ် ဝတ်လို့ Sanitizer Spray တစ်ဘူးကိုင်ပြီးရှုတင်ကိုသွားရသလို တွေ့သမျှအကုန်ဖြန်း စင်ပေါ်တက်ခါနီးမှာ Protection တွေအကုန်ချွတ်ပြီး microphone ကို မဆိုခင်ပိုးသန်ဆေးဖြန်း ဖျော်ဖြေပြီးတော့ လက်ကို spray ဖြန်း protection အကုန်ပြန်တပ် studio အပြင်ေ ရာက်တော့လက်ကိုဆပ်ပြာနဲ့ဆေး သြော် .. ကိုဗစ်ရယ် ဆိုတဲ့ စာသားလေးနဲ့အတူ ကိုဗစ်ကြောင့် သူမ ရဲ့ ဖျော်ဖြေတင်ဆက်မှု ရှုတင်အတွက် ဘယ်လောက်အလုပ်များခဲ့ရကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

သူမ ရဲ့ ဖျော်ဖြေတင်ဆက်မှု ရှုတင်မှာ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်အလုပ်လုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ် ။ ပရိသတ်တွေကတော့ သူမကို အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပိုလှလာတယ်ဆိုတဲ့ မှတ်ချက်လေးတွေ ပေးခဲ့ကြပါတယ် ။

Source : Eaint Chi
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …