ခရစ္စမတ်ကာလလေးမှာ ပရိသတ်တွေကိုအံ့သြသွားစေတဲ့ဆန်းသစ်မှုတွေနဲ့ ထွက်ပေါ်လာတဲ့နေခြည်ဦး

နေခြည်ဦးကတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိလာတဲ့ ဘလော့ဂါတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်အသိအမှတ်ပြုခံရသူတစ်ယောက်ပါ။အခုဆိုရင်တော့ ဆောင်းတွင်းအေးအေးလေးနဲ့အတူ ခရစ္စမတ်ကာလကိုရောက်ရှိလာပါပြီ။


အမြဲဆန်းသစ်မှုတွေကိုဖန်တီးလေ့ရှိတဲ့ချီချီကတော့ “ဒီ Christmas မှာ chillies တွေအားလုံးကို ကံကောင်းခြင်းလက်ဆောင်တွေ သယ်လာပေးမှာကတော့ SANTA BABY CHI CHI ပါနော်။ အေးမြတဲ့ ဆောင်းတွင်းအငွေ့အသက်လေးလည်း ပေးချင်တယ်၊ Christmas အတွက်လည်း mystical creature လေးတစ်ကောင်လေးဖြစ်ချင်တယ်။ ထိမိရဲ့လား my chillies ??? I love you all soooo much and wishing you a sweet December and Holly Jolly Christmas” ဆိုပြီးတော့ ရေးသားကာအမိုက်စားပုံတွေကို မျှဝေလာခဲ့ပါတယ်။


ချီချီကတော့ mystical creature လေးအဖြစ်ဆန်းပြားတဲ့ပုံစံလေးကိုပြင်ဆင်ခဲ့ပြီး ကံကောင်းခြင်းတွေကိုသယ်လာတဲ့ Santa Baby ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။ ချီချီရဲ့ထူးခြားဆန်းသစ်တဲ့ပုံဖော်ဖန်တီးမှုတွေကတော့ ပရိသတ်တွေကို ခရစ္စမတ်မှာကောင်းမွန်တဲ့ခံစားချက်အသစ်တွေကို ရရှိစေမှာအမှန်ပါပဲနော်…


Source : beautybynaychi

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …