ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဟန်ထူးဈာန်ရဲ့ ဖြတ်လမ်းလေး သီချင်း Music Video

တေးသံရှင် ဟန်ထူးဈာန် ကတော့ ပရိသတ်တွေရဲ့ အားပေးမှု အပြည့်ဝရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ အိပ်မက်ဆုံရာပြိုင်ပွဲကနေတဆင့် ပရိသတ်အသိမှတ်ပြုခြင်းကိုရရှိထားတဲ့ဟန်ထူးဈာန်ကတော့ တေးစီးရီးနှစ်ခွေထွက်ရှိထားပြီး သီချင်းအသစ်တွေ ဆက်တိုက်ထွက်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ ။

လတ်တလောမှာတော့ သူ့ရဲ့ဖြတ်လမ်းလေးဆိုတဲ့ သီချင်းရဲ့ Music video ကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဟန်ထူးဈာန်ကိုယ်တိုင် သီဆိုထားပြီး တေးရေး စလိုင်းက ရေးစပ်ပေးထားတာပဲဖြစ်ပါတယ် ။ ဒီသီချင်း Music Video လေးကို ဒါရိုက်တာ Kinaက ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ဟန်ထူးဈာန်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ။

ဟန်ထူးဈာန်က သူ့ရဲ့ သီချင်းသစ်တွေကို အမြဲစောင့်မျှော်အားပေးနေကြတဲ့အတွက်ဝမ်းသာရသလို အရမ်းနောက်ကျသွားလို့တောင်းပန်ပါတယ် ခင်ဗျာ လို့လည်းရေးသားထားပါသေးတယ် ။ ဟန်ထူးဈာန်ရဲ့ ဖြတ်လမ်းလေး Music Video ကိုစောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Han Htoo Zan
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …