ပရိသတ်ကြီးရေ ဒီနေ့ဒီဇင်ဘာလ (၂၄) ရက်နေ့ကတော့ သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်းသိမ်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ ..။ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကတော့ ဝိုင်းစုရဲ့ (၃၄) နှစ်ပြည့်မွေးနေ့လေးအဖြစ် မွေးနေ့အလှူဒါနလေးတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။
သရုပ်ဆောင် အဆိုတော်ဝိုင်းစုခိုင်သိန်းရဲ့ မွေးနေ့ အလှူအဖြစ် ဒီဇင်ဘာလ၂၄ရက် နံနက် ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မနာပဒါရီဆရာတော်၊ဥူးဝိစိတ္တ(ကိုရီးယား) ဆရာတော်အား နေ့ဆွမ်းကပ်ကုသိုလ်မင်္ဂလာပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ တေးသံရှင်အောင်လ နဲ့အတူ ပျော်ရွှင်စွာ မွေးနေ့ကိတ်ခွဲခဲ့ပြီး သူမရဲ့မွေးနေ့လေးကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ် ။
ပရိသတ်တွေကလည်း ဝိုင်းစုရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေ နဲ့ အတူ သူမရဲ့ မွေးနေ့အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ ဝိုင်းစုရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အချစ်တွေ အများကြီးရပါစေလို့ ဆယ်လီကမ္ဘာ ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။
Source : Wine Su Khine Thein
Emily (Cele Gabar)