မြောက်ဒဂုံမှာလာရောက်စွန့်ပစ်သွားတဲ့ မွေးကင်းစကလေးလေးကို ထပ်မံ မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ .. လတ်တလောမှာတော့ ခိုင်မိသားစု ဂေဟာကို တည်ထောင်သူ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ဂေဟာလေးကို စွန့်ပစ်ခံရတဲ့ ကလေးလေးတွေ ဆက်တိုက်ဆိုသလို ရောက်ရှိနေပါတယ် ။ နေရာအခက်အခဲကြောင့် ကလေး(၃၀) ကျော်မွေးစားပြီးချိန်မှာပဲ ထပ်ပြီးလက်မခံတော့ဖို့ ဆုံးဖြတ်ထားပေမယ့် ကိုယ်ချင်းစာတရားကြောင့် ထပ်မံမွေးစားလာခဲ့တာ (၄၂) ယောက်ရှိခဲ့ပြီဖြစ်ပါတယ် ။


လတ်တလောမှာလည်း အစွန့်ပစ်ခံ သားလေးတစ်ယောက်ကို သူမရဲ့ (၄၃) ယောက်မြောက်ကလေးအဖြစ် ထပ်မံမွေးစားလိုက်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် .။ သားလေး တစ်ယောက် စွန့်ပစ်သွားပြန်ပီရှင်…..မြောက်ဒဂုံ စွယ်တော်ဖူးလမ်း (၄၈)ရပ်ကွက် မှာ မွေးကာစ သားလေးကို “မိုးစက်” လူမှုကူညီရေး အသင်းမှ ကျွန်မဆီ ဆက်သွယ် အကြောင်းကြားလာပါတယ်..ဆေးရုံမှ ပတ်ပေးထားတဲ့ အပတ်လေးမှာ အဖေ နာမည်ရော အမေနာမည်ရော ပါတဲ့ အတွက် စိတ်မကောင်းအရမ်းဖြစ်မိရင်း ကျွန်မတို့ “ခိုင်” မိသားစု ရဲ့ (၄၃)ယောက်မြောက် သားလေး ကို ထပ်မံ ခေါ်ယူစောင့်ရှောက်ရပါဦးမယ်ရှင်.. ဆိုတဲ့စာသားလေးနဲ့အတူ ကလေးငယ်လေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ ကိုယ်ချင်စာတရားနဲ့ ခုလို ခေါ်ယူမွေးစားပေးခဲ့တဲ့ ခိုင်နှင်းဝေကို လေးစားကြောင်းနဲ့ လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကို ကြိုးစားလုပ်ဆောင်နိုင်တဲ့အတွက် ဒီထက်မက အလှူရှင်တွေအများကြီးပေါ်ပေါက်ပါစေဆိုတဲ့ ဆုမွန်ကောင်းလေးတွေ ပေးခဲ့ကြပါတယ် ။ ခိုင်မိသားစုဂေဟာက ထပ်မံ မွေးစားခဲ့တဲ့ (၄၃) ယောက်မြောက် ကလေးငယ်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khine Hnin Wai
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …