စက်ဘီးစီးပြီးဝမ်းစာရှာနေတဲ့ ပရိသတ်တွေကို အရမ်းစိတ်ပူလို့ ဗီဒီယိုလေးနဲ့ သတိပေးစကားဆိုခဲ့တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ သရုပ်ဆောင် အေးမြတ်သူကတော့ ပရိသတ်တွေအတွက် မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ကိုဗစ်ကာလမှာ အလုပ်အများဆုံးဖြစ်တဲ့ Delivery ပို့တဲ့သူတွေအတွက် သတိပေးစကားဆိုလာခဲ့ပါတယ် ။ အနှေးယာဉ်မောင်းပြီး စက်ဘီးနဲ့ ဝမ်းစားရှာနေတဲ့ သူတွေအတွက် ရောင်ပြန်လေးတွေကို တပ်ကြဖို့အတွက် ဦးစားပေးပြီး ပြောပြခဲ့တာဖြစ်ပါတယ် ။

နေ့ခင်းဘက်သွားတဲ့နေရာမှာတော့ ကားတွေက မြင်ရပေမယ့် ညဘက်ရောက်ရင်တော့ ကားမောင်းတဲ့သူတွေက လမ်းမပေါ်က စက်ဘီးတွေကို မမြင်ရတဲ့အတွက် ကိုယ့်ရဲ့ လုံခြုံမှုအတွက် back ကြည့်မှန် သို့မဟုတ် ရောင်ပြန်လေးတွေကို တပ်စေချင်တဲ့ အကြောင်း နဲ့ အသက်က အရေးကြီးတဲ့အတွက် ငွေကုန်ကြေးကျမများတဲ့ဟာလေးကို လိုက်လုပ်စေချင်တယ်လို့ စေတနာရှေ့ထားပြီး သတိပေးစကားဆိုခဲ့တာဖြစ်ပါတယ် ။ ဝမ်းစာအတွက် အလုပ်လုပ်နေရတာကို နားလည်ပေမယ့် ကိုယ့်ရဲ့အသက်အန္တရယ်ကိုလည်း ကာကွယ်ကြဖို့အတွက်တိုက်တွန်းစကားဆိုထားပါသေးတယ် ။

စက်ဘီးစီးပြီး ဝမ်းစာရှာတဲသူကိုလည်းစိတ်ပူတယ် ၊ အိမ်မှာနေရင်း မုန့်မှာစားတဲ့သူတွေကိုလည်းစိတ်ပူတယ် ၊ အားလုံးအားလုံးကိုစိတ်ပူတယ်ရှင့် ဆိုတဲ့စာသားလေးနဲ့အတူ သူမ ရဲ့ စေတနာ စကားတွေကို ဗီဒီယိုလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးမျှဝေပေးထားပါသေးတယ် ။ မမြတ်လေးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း အသိပညာရစေဖို့ ဒီဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Aye Myat Thu
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …