ပရိသတ်အချစ်တော် နိုင်ငံကျော်မင်းသမီး တစ်လက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အခုချိန်ထိ လှပနုပျိုနေဆဲ အနုပညာရှင်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူပါ ။ ဒါ့အပြင် မကြာခဏဆိုသလို အလှူအတန်းတွေလည်း ပြုလုပ်တတ်တဲ့ သဒ္ဒါတရားထက်သန်သူတစ်ယောက်လည်းဖြစ်ပါတယ် ။
လတ်တလောမှာလည်း ပရိသတ်တွေ သာဓုခေါ်ဆိုရမယ့် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ ။ ကိုဗစ်ရောဂါ ကာကွယ်ဆေး အလှူလေးအတွက် ငွေကျပ်သိန်း တစ်ရာ ကျပ်လှူဒါန်းခဲ့ပြီး မခိုင်လေးအဖေမှ သိန်းတစ်ရာ စုစုပေါင်း ငွေကျပ် သိန်း နှစ်ရာ တိတိကိုလှူဒါန်းခဲ့ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
သူမရဲ့ လှူဒါန်းမှုလေးအတွက်လည်း မြန်မာနိုင်ငံကြီးနဲ့ ကမ္ဘာကြီးကိုဗစ်ရောဂါအမြန်ဆုံးကင်းစင်ပပျောက်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးကိုလည်း တောင်းထားပါသေးတယ် ။ ပရိသတ်တွေကတော့ မခိုင်လေးတို့မိသားစုရဲ့ ကိုဗစ်ကာကွယ်ဆေးအလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။
Source : Khine Thin Kyi
Emily (Cele Gabar)