သမီးလေး Portia ရဲ့ (၁၆) နှစ်ပြည့်မွေးနေ့အတွက် ဆုံးမစကားလေးတွေနဲ့ ဆုတောင်းစကားဆိုပေးခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ သရုပ်ဆောင် စမိုင်းလ်ရဲ့ သမီးကြီး Portia ရဲ့ အသက် (၁၆)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာကျရောက်တဲ့ သမီးကြီးရဲ့ မွေးနေ့ရက်မြတ်လေးမှာ စမိုင်းလ်က ဆုံးမစကားလေးတွေနဲ့အတူ ဆုတောင်းစကားလေးတွေရေးသားခဲ့ပါတယ် ။

မေမေ့ သမီးကြီး ၁၆နှစ်လည်း ပြည့်ပြီဆိုတော့ပိုပြီး စဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်း သိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့လူတွေကို ဘယ်လိုပြောဆိုရမယ် ဆိုတာတွေလည်းဖြည်းဖြည်းချင်းသဘောပေါက်နေပြီ။ ပိုက်ဆံရှာရတာ ထင်သလောက်မလွယ်ဘူးဆိုတာ သိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော် ဘဝမှာလုပ်စရာတွေအများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်ဦး ဆိုတဲ့စာသားလေးနဲ့အတူ သမီးလေးအတွက် ဆုံးမစကားလေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။


လိမ္မာသိတတ်တဲ့ ကလေးလေးမေမေနဲ့ ဒယ်ဒီ ရဲ့အသဲကြီးသမီး Portia Happy sweet sixteen birthday လို့လည်း ဆုမွန်ကောင်းလေးတွေ ပေးထားပါသေးတယ် ။ Happy Birthday ပါ Portia ရေ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာထိ မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းထပ်မံတောင်းပေးလိုက်ပါတယ်နော် ။

Source : Smile
Emily (Cele Gabar )

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …