ပုဂံသူလေး ယွန်းယွန်းကို သူ့ရဲ့ လောင်းရိပ်အောက်မှာပဲထားတယ် ဆိုတဲ့ အောင်မင်းခန့်

ပရိသတ်ကြီးရေ 7th sense creation ကနေ ရိုက်ကူးတင်ဆက်နေတဲ့ Double Dating Program လေးက ပရိသတ်တွေကြားမှာ အတော်လေးရေးပန်းစားနေပါတယ် ။ အစီစဉ်တင်ဆက်သူအဖြစ် တေးသံရှင်သိန်းလင်းစိုးက တင်ဆက်ပေးထားတာဖြစ်ပြီး ယွန်းယွန်း ၊ သဇင်ထူးမြင့် ၊ အောင်မင်းခန့် နဲ့ စည်သူဝင်းတို့က ပါဝင်ထားကြတာပဲဖြစ်ပါတယ် ။

ဒီအစီစဉ်လေးမှာ အောင်မင်းခန့်နဲ့ယွန်းယွန်းက တစ်တွဲ ၊ သဇင်ထူးမြင့်နဲ့ စည်သူဝင်းတို့က တစ်တွဲ ပါဝင်ထားပြီး သူတို့အတွဲလေးတွေကို ပရိသတ်တွေက အရမ်းကို သဘောတူနေကြတာပါ ။ သရုပ်ဆောင်အောင်မင်းခန့်ကတော့ nick name အနေနဲ့ ယွန်းယွန်းကို ပုဂံသူလေးလို့ ကဗျာဆန်ဆန်ခေါ်ဆိုခဲ့ပြီး ပရိသတ်တွေကြားမှာ အတော်လေး နာမည်ကြီးခဲ့တာပါ ။ လတ်တလောမှာတော့ အောင်မင်းခန့်က Double dating အဖွဲ့သားတွေကိုအားပေးကြမ်းလို့ အရမ်းဝမ်းသာတယ်ဗျာ ကျွန်တော်လည်း ပုဂံသူလေးကိုလောင်းရိပ်အောက်မှာပဲထားတယ် စိတ်ချ ဆိုတဲ့စာသားလေးနဲ့အတူ သူတို့ရဲ့ ကြည်နူးဖွယ် စုံတွဲ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလာခဲ့ပါတယ် ။

Double Dating Program ကို အားပေးကြတဲ့ ပရိသတ်တွေနဲ့ သူတို့ရဲ့ ဖန်တွေကတော့ အောင်မင်းခန့်နဲ့ ယွန်းယွန်းတို့အတွဲလေးကို တကယ်သဘောတူနေကြကြောင်းနဲ့ အရမ်းကို လိုက်ဖက်ကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက်လည်း ကို နဲ့ ပုဂံသူလေးတို့ရဲ့ ကြည်နူးဖွယ် စုံတွဲပုံရိပ်လေးတွေကို ထပ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Aung Min Khant
Emily (Cele Gabar)

Check Also

” မြင်သူတိုင်းပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေမယ့် မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို ဝေမျှလာတဲ့ အေးချမ်းမိုး”

Cele-Gabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ မကြာသေးမှီက အစွံထုတ်သွားပြီဖြစ်တဲ့ အလှမယ် ၊ အစီအစဥ်တင်ဆက်သူလေးတစ်ဦးပါ။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းလောင်းကိုပိုင်ဆိုင်ခဲ့တာကြောင့် လက်ထပ်ခွင့်တောင်းတာကအစ ရိုမန့်တစ်ဆန်လွန်းကာ မြင်သူတိုင်းအားကျခဲ့ရတာပါ။ ဒါ့အပြင် Bridal …

x
error: Content is protected !!