ခြိမ့်ကေကို အပြင်ပြန်ရောက်ပြီ ဖြစ်ကြောင်း အသိပေးခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ ဘနားနားလို့ ပရိသတ်တွေသိထားတဲ့ ခြိမ့်ကေကိုကတော့ ကိုဗစ်ကာလအတွင်းမွေးနေ့ပွဲ တစ်ခုမှာ သီချင်းဆိုမိလို့ ကိုဗစ်ဥပဒေနဲ့အညီ တရားစွဲဆိုခံခဲ့ရတာ အားလုံး သိပြီးဖြစ်မှာပါ ။ တပည့်ဖြစ်သူ ခြိမ့်ကေကိုအတွက် ဒိန်းဒေါင်က အစစ အရာရာ ကူညီသွားမယ်လို့လည်း မီဒီယာတွေမှာ ဖြေဆိုခဲ့တဲ့အတိုင်း ကူညီပေးခဲ့တယ်လို့လည်းသိရပါတယ် ။

ဥပဒေနဲ့အညီ အဖမ်းခံပြီး ဖြေရှင်းဖို့အတွက် ဒိန်းဒေါင်က ခြိမ့်ကေကို ကို နားချခဲ့ပြီး ဆရာ စကားနားထောင်တဲ့အနေနဲ့ သွားရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာတော့ ဒိန်းဒေါင်ရဲ့ ကူညီပေးမှုနဲ့ ခြိမ့်ကေကို တစ်ယောက် အပြင်ပြန်ရောက် လာခဲ့ပြီဖြစ်ပါတယ် ။ ဌက်ပျောသီးအပြင်ပြန်ရောက်ပါပြီတာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ် ။

 

ပရိသတ်တွေနဲ့အတူ အနုပညာညီအစ်ကိုမောင်နှမ တွေကတော့ အပြင်ပြန်ရောက်လာတဲ့ အတွက် ဝမ်းမြောက်ကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြ သလို အရင်က ချိမ့်ကေကို ကို ဝေဖန်ပြောဆိုခဲ့ကြပေမယ့်လည်း အခုလို ပြန်ရောက်လာတဲ့ အပေါ် အမှန်တကယ် ဝမ်းသာကြောင်း ပရိသတ်တွေက ချစ်စဖွယ် မှတ်ချက်လေးတွေလည်း ပေးခဲ့ကြပါတယ် ။

Source : Dain Daung
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …