7th sense creation ကနေ ရိုက်ကူးတင်ဆက်နေတဲ့ Double Dating Program လေးက ပရိသတ်တွေအတော်လေး အကြိုက်တွေ့နေတဲ့ အစီစဉ်တစ်ခုဖြစ်ပြီး ဒီအစီစဉ်မှာ ပါဝင်တဲ့ အနုပညာရှင်စုံတွဲလေးတွေကိုလည်း ပရိသတ်တွေက အရမ်းကိုသဘောတူနေကြတာပါ ။ သဇင်ထူးမြင့်နဲ့ စည်သူဝင်းတို့စုံတွဲကိုလည်း ပရိသတ်တွေက We Love Group တွေတောင် ထောင်ပြီး အားပေးကြမ်းခဲ့ကြတာပါ ။
Double Dating အစီစဉ်က အရမ်းကို Ro လွန်းလို့ ပရိသတ်တွေ အရမ်းကို အသည်းယားနေကြတဲ့ အစီစဉ်လေးဖြစ်ပြီး လတ်တလောမှာတော့ စည်သူဝင်းက အစီစဉ်ရိုက်ကူးရေး နောက်ကွယ်က သူနဲ့ သဲရဲ့ ကြည်နူးဖွယ် ချစ်စဖွယ် ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို အရမ်းကို လိုက်ဖက်ညီလွန်းလို့ တကယ်တွဲကြပါလားလို့တောင် စနောက်နေကြတာပါ ။
ဒီဗီဒီယိုလေးကတော့ ရိုက်ကွင်းမှာတောင် Ro ကြတာမဟုတ်ဘဲ ရိုက်ကွင်းနောက်ကွယ်မှာပါ ro နေကြတဲ့ ချစ်စဖွယ် ဗီဒီယိုလေးလို့တောင်ဆိုရမှာပါ ။ ကို နဲ့ သဲ ကို Ship နေကြတဲ့ ပရိသတ်တွေအတွက် ရိုက်ကွင်းနောက်ကွယ်က အရိုတလိုင်း ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။
Source : Si Thu Win
Emily (Cele Gabar)