ရည်းစား (၃) ယောက်တစ်ပြိုင်ထဲထားတဲ့ သူတစ်ယောက်အဖြစ် မြင်တွေ့ရမယ့် ရဲလေး

ပရိသတ်ကြီးရေ အနုပညာလောကနဲ့ အချိန်အတော်ကြာ အဆက်ပြတ်နေခဲ့ပြီး ခုနောက်ပိုင်း သီချင်းတွေ ပြန်လုပ်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိလာတဲ့ ရဲလေးကတော့ သူ့ရဲ့သီချင်းတွေနဲ့ နှင်းဆီအငြိမ့်ကိုပဲ အချိန်ပေးရင်း အနုပညာအလုပ်တွေ လုပ်ဆောင်နေခဲ့တာပါ ။ လတ်တလောမှာတော့ ရုပ်ရှင်ပြန်လည်ရိုက်ကူးတော့မယ်လို့သိရပါတယ် ။

လက်ရှိမှာတော့ ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးမယ့် သုံးပွင့်ထပ်တေးဆိုတဲ့ ဇာတ်လမ်းမှာ ယဉ်လတ် ၊ သဲ နန္ဒာစိုး ၊ ဘီလီလမင်းအေးတို့နဲ့အတူ သရုပ်ဆောင်လောကထဲ ပြန်လည်ဝင်ရောက်လာတော့မှာပဲဖြစ်ပါတယ် ။ ဒီတစ်ခါရိုက်မယ့် ဇာတ်လမ်းကတော့ ရည်းစားသုံးယောက်တစ်ပြိုင်တည်းထားတဲ့ သူငယ်ချင်းတွေအကြောင်းကို သေချာစေ့စေ့စပ်စပ်လေ့လာပြီး ရေးထားတဲ့ဇာတ်လမ်း ဖြစ်ကြောင်း BoBoFilmProduction က ကိုဆန်းဝင်းဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ရဲလေးရဲ့ သရုပ်ဆောင် မှုတွေကို လွမ်းနေကြတဲ့ ချစ်ပရိသတ်ကြီးအတွက်တော့ ခေါင်းဆောင်မင်းသားနေရာကနေ ရည်းစား သုံးယောက်ထားတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရှေ့ကို ရဲလေးတစ်ယောက် ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ် ။ ဘယ်လိုလဲ ပရိသတ်ကြီး ဒီကားလေးကို အရမ်းကြည့်ချင်နေကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : San Win Oo
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …