ဘုရင်မကြီး ရှင်စောပုကိုးကွယ်ခဲ့တဲ့ဘုရားကို အိမ်ကိုပင့်ဆောင်ပြီး အဖိုးတန်ပစ္စည်း‌‌ တွေ လှူဒါန်းခဲ့တဲ့ အိမ့်ချစ်တို့ ဇနီး‌‌မောင်နှံ

ပရိသတ်ကြီးရေ အဆွေးသီချင်းလေးတွေ သီဆိုလေ့ရှိပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်ကတော့ မကြာသေးမီကမှ သူမချစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးတစ်ခုကို ပိုင်ဆိုင်ထားတာပါ ။ ဘာသာရေးလိုက်စားပြီး ဘုရားတရားအမြဲပြုလုပ်လေ့ရှိတဲ့အိမ့်ချစ်ကတော့ ဒီနေ့မှာ သူမရဲ့ အလှူလေးတစ်ခုကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

ဒီနေ့မှာတော့ အိမ့်ချစ်တို့ ဇနီးမောင်နှံက မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့တဲ့ အောင်သိဒ္ဓိဘုရား များကို (၇) ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ခင်ပွန်းဖြစ်သူ ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့တဲ့အကြောင်း ပရိသတ်တွေကို ဝေမျှပေးလာခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူမတို့ဇနီးမောင်နှံရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းလေးကို လှူဒါန်းခဲ့တဲ့ သူမတို့ရဲ့အလှူလေးကို သာဓုတွေ အများကြီးခေါ် ဆိုခဲ့ကြပါတယ် ။

အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ အတူ အိမ့်ချစ်ရဲ့ ပရိသတ်တွေက ယခုအလှူလေးမှသည် အလှူအတန်းပေါင်းများစွာ ပြုလုပ်နိုင်တဲ့ သူဖြစ်ပါစေလို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။ အိမ့်ချစ်ရဲ့ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေဖို့ အလှူပုံရိပ်လေးတွေကိုလည်းမျှဝေပေးလိုက်ပါတယ်နော် ။

Source : Eaint Chi
Emily (Cele Gabar)

Check Also

” မြင်သူတိုင်းပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေမယ့် မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို ဝေမျှလာတဲ့ အေးချမ်းမိုး”

Cele-Gabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ မကြာသေးမှီက အစွံထုတ်သွားပြီဖြစ်တဲ့ အလှမယ် ၊ အစီအစဥ်တင်ဆက်သူလေးတစ်ဦးပါ။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းလောင်းကိုပိုင်ဆိုင်ခဲ့တာကြောင့် လက်ထပ်ခွင့်တောင်းတာကအစ ရိုမန့်တစ်ဆန်လွန်းကာ မြင်သူတိုင်းအားကျခဲ့ရတာပါ။ ဒါ့အပြင် Bridal …

x
error: Content is protected !!