ကား (၅) စီးဆင့်တိုက်ခဲ့ပေမယ့်လည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ ဦးကျော်သူ

ဇန်နဝါရီ ၁၃ရက်နေ့ ဒီနေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဖြစ်တဲ့ သရုပ်ဆောင် ဦးကျော် သူ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ ဒီနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ကားရှင်းရင် တစ်ဖက်လမ်းကို ကူးဖို့အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနဲ့ လိုက်ထရပ်ကားကို နောက်မှ အဝေးပြေးခရီးသည် တင်ကားတစ်စီးက တိုက်သွားခဲ့တာဖြစ်ပါတယ် ။၏

ရှေ့ဆုံးမှာ ရပ်နေတဲ့ကားက တစ်ဆင့်ချင်းတိုက်ခံရပြီး ဦးကျော်သူ မောင်းလာတဲ့ နာရေးနိဗ္ဗာန်ယာဉ်ကို ရှေ့ဘေးမှ ဆောင့်တိုက် လိုက်တဲ့အတွက် ဦးကျော်သူက ရှောင်လိုက် သော်လည်း သူ့ရဲ့ ညာဖက်မှာရှိတဲ့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ပိုင်းဘေးဖက် ကို နာရေးကူညီမှုကားက တဆင့် တိုက်မိခဲ့တယ်လို့ သိရပါတယ် ။ လူတွေဘာမှ မဖြစ်ပေမယ့်လည်း တိုက်ခံရတဲ့ ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့ပါတယ် ။

နာရေးကူညီမှု နိဗ္ဗာန်ယာဉ်ပေါ် က ဘဝကူးသွားတဲ့ရုပ်ခန္ဓာကိုလည်း အသင်းက နိဗ္ဗာန်ယာဉ် တစ်စီးကို အမြန်ခေါ်ပြီး ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ် ။ သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်ပြီး ဦးကျော်သူကို အာထရာဆောင်းစက်နဲ့ နှလုံး စစ်ဆေးခဲ့ပေမယ့်လည်း အားလုံးပုံမှန်ကျန်းမာလျက်ရှိပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

Source : Kyaw Thu
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …