ပရိသတ်တွေ က ဖေဖေလို့စနောက်ခေါ်နေကြတဲ့အပေါ် စိတ်မဆိုးပါဘူးဆိုတဲ့ လူကြမ်သရုပ်ဆောင် မင်းမင်း

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကတော့ လတ်တလောမှာ သူ့ရဲ့သမီးလေး ဇင်စန္ဒာထွန်းကို ပရိသတ်တွေရှေ့ ပွဲထုတ်လာခဲ့ပါတယ် ။ ဒီလောက်ထိ ပရိသတ်တွေက သမီးလေးကို အသိမှတ်ပြုကြလိမ့်မယ်လို့ မထင်ထားခဲ့ပေမယ့် အခုလို အများကြီးအားပေးကြတဲ့အပေါ် လူကြမ်းသရုပ်ဆောင် မင်းမင်းက ဝမ်းသာဂုဏ်ယူနေတာပါ ။

ဖေဖေ လို့ပရိသတ်တွေဝိုင်းစကြတဲ့အပေါ်မှာလည်း စိတ်မဆိုးသလို သမီးလေးအလှည့်ကျမှ ပဲ ပွဲထုတ်ခွင့်ရပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်လာတာကို အရမ်းပီတိဖြစ်မတဲ့ အကြောင်းနဲ့ ကိုမင်းမင်းက သူတို့ခေတ်အခါက ဒီလိုဖြစ်ဖို့ကို အရမ်းကြိုးစားခဲ့ရတာဆိုပေမယ့် သမီးလေးက အချိန်တိုလေးအတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှု အများကြီးရလာတယ်ဆိုတာ သမီးလေးရဲ့ စန်းကြောင့်ပါလို့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။

သမီးလေး ဇင်စန္ဒာထွန်းကလည်း အားပေးတဲ့သူတွေများလာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလို ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရင် အောင်မြင်မယ်ဆိုတာကို နားလည်လာတဲ့အပြင် အားပေးတဲ့သူတွေကလည်း အများကြီးရှိနေတော့ ထပ်ပြီးကြိုးစားသွားမှာပါလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ လူကြမ်းသရုပ်ဆောင် ကိုမင်းမင်းကတော့ သမီးလေးကိုအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်လာအောင် တတ်နိုင်သလောက် ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်း ဆယ်လီကမ္ဘာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …