ပရိသတ်ကြီးရေ သရုပ်ဆောင်မိုးအောင်ရင် နဲ့ အဆိုတော် J Fire တို့ နှစ်ယောက်ဟာ သရုပ်ပြဘောက်ဆင်ပွဲ ထိုးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ ဒီပွဲလေးကို Burmese Street Boxing က စီစဉ်ပေးပြီး သုဝဏ္ဍလက်ဝှေ့အဖွဲ့ချုပ်စခန်းမှာ ဖေဖော်ဝါရီ ပထမအပတ်ထဲလုပ်သွားမှာဖြစ်ပါတယ် ။
အချိန်ကတော့ မနက် ၁၁ ကနေ ညနေ ၄ နာရီအထိဖြစ်ပြီး ဒီသရုပ်ပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကိုဗစ်ကာကွယ်ဆေးဝယ်ယူရာမှာ တစ်ထောင့်တနေရာက ရန်ပုံငွေရအောင် ဝိုင်းကူညီကြတာပဲဖြစ်ပါတယ် ။ မိုးအောင်ရင် အပါအဝင် နောက်ထပ် Celebrity ကိုးယောက်လည်းပါဝင်ထိုးသတ်သွားမှာပါ ။ သုံးမိနစ်သုံးချီ တစ်မိနစ်နားစနစ်ဖြစ်တဲ့အကြောင်းကိုလည်း မိုးအောင်ရင်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။
ပွဲနေ့ကို ရုပ်သံထုတ်လွှင့်ရေးတစ်ခုကနေ တိုက်ရိုက်လွှင့်ပြမှာဖြစ်ပြီး မိုးအောင်ရင်က သူ့ရဲ့ပထမဆုံးဘောက်ဆင်ပွဲလေးကို စောင့်မျှော်အားပေးကြပါဦးလို့ ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တောင်းဆိုခဲ့တာပါ ။ စောင့်မျှော်ကြည့်ရှုဖို့အတွက်အသေးစိတ်အချက်အလက်ကို သိရပြီဆိုတာနဲ့ မိုးအောင်ရင်က ပရိသတ်ကြီးကိုထပ်အကြောင်းကြားပေးသွားဦးမှာဖြစ်ပါတယ် ။
Source : Moe Aung Yin
Emily (Cele Gabar)