နှစ်သစ်အလှူလေး အနေနဲ့ အလှူငွေ (၁၁)သိန်းကျပ်ကို လှူဒါန်းခဲ့တဲ့ ဆုအိမ့်စံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံကတော့ နှစ်သစ်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ဆုဆုကတော့ နှစ်သစ်အလှူလေးအနေနဲ့ အဘိဓမ္မာ(၇)ကျမ်းကို နေ့ညမပြတ်အသံမစဲ( ၁၁) ရက်တိတိ ရွှတ်ဖတ်ပူဇော်မည့်သံဃာတော်တွေအတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အဘိဓမ္မာ(၇)ကျမ်းကို နေ့ညမပြတ်အသံမစဲ( ၁၁) ရက်တိတိ ရွှတ်ဖတ်ပူဇော်မည့်သံဃာတော် အပါးရေ (၂၄)ပါးတို့အတွက် စုစုပေါင်း အလှူငွေ (၁၁)သိန်းကျပ်တိတိကို ဆုအိမ့်စံက ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဆုဆုကတော့ သူ့ရဲ့အလှူလေးကို နတ်လူသာဓုခေါ်ဆိုနိုင်စေဖို့ ရည်ရွယ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

သာဓုခေါ်ဆိုတဲ့သူတွေအကုန်လုံးကိုလည်း သူနဲ့ အတူ ကောင်းမှုအစုစုကို ထပ်တူရရှိစေဖို့လည်း မျှဝေထားပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း မင်းသမီးချောလေး ဆုအိမ့်စံရဲ့အလှူလေးကို သာဓုခေါ်ဆိုပြီး ကုသိုလ်ထပ်တူ ရရှိနိုင်စေဖို့ CeleGabar ကနေ ဆုဆုရဲ့အလှူဒါနပြုလုပ်နေတဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Hsu Eaint San

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …