မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ခံခဲ့ရတဲ့ စိန်ဖြိုးလှိုင် (မောင်)

ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင် (သရုပ်ဆောင် မောင်)ကတော့ ဒီနေ့မှာ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုခြင်ကို ခံခဲ့ရပါတယ်။ မောင်ကတော့ ကိုဗစ်ကာလ အတွင်းမှာ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါကို ကူးစက်ခံခဲ့ရသလို ပျောက်ကင်းအောင် ကုသပြီးတဲ့ နောက်မှာတော့ ကိုယ်တိုင် Volunteer အနေနဲ့ ပါဝင်လုပ်ကိုင်ခဲ့တာပရိသတ်ကြီးတွေသိရှိပြီးသားဖြစ်မှာပါနော်။

ဒီနေ့ ဇန်နဝါရီလ (၁၄)ရက်နေ့မှာတော့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ကိုဗစ်ကာလအတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံကာ လုပ်အားပေးခဲ့ကြတဲ့ ဆရာဝန်တွေကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။ သရုပ်ဆောင် မောင်ကလည်း ကိုဗစ်အတွက် ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်းဆရာဝန်အနေနဲ့ လုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့ဂုဏ်ပြုပွဲမှာ ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခြင်းခံခဲ့ရတာပါ။

မောင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မောင်ကတော့ ဘာမျှော်လင့်ချက်မှာမရှိဘဲ စေတနာ့ဝန်ထမ်းဆရာဝန်အနေနဲ့ သွားရောက်လုပ်ကိုင်ခဲ့ပေမဲ့ အခုလို ဂုဏ်ပြုခံရတာကြောင့် ပီတိဖြစ်နေခဲ့ပါတယ်နော်။

Chilli – CeleGabar
Source – SEIN PHYO & YI

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …