မိဘတွေရဲ့အလုပ်တွေကိုလည်း ဝိုင်းကူနေပြီး ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေပြီဖြစ်တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်သမီးချောလေး ဆောင်းယွန်းစံကတော့ လတ်တလောမှာ မိဘတွေရဲ့အလုပ်တွေကိုလည်း ကူညီလုပ်ကိုင်ပေးနေပြီး သူရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ဆောင်းယွန်းကတော့ အရင်ကအိမ်အလုပ်တွေကိုဆို ဂရုမစိုက်ဘဲနေဖြစ်ခဲ့ဘဲ ကိုယ့်အခန်းထဲမှာပဲကိုယ်နေလေ့ရှိတာပါတဲ့။

သို့ပေမဲ့လည်း လက်ရှိမှာတော့ သူ့အဖေရဲ့ ရွှေဆိုင်နဲ့ ထီဆိုင်ကိုလည်း ကူရောင်းပေးတာတွေ၊ အမေ့ရဲ့ ခြင်းလေးတွေကိုလည်း ကူရောင်းပေးတာတွေနဲ့ မိဘတွေကို ကူညီပေးနေခဲ့တဲ့ အပြင် လက်ရှိသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Skin Care ရောင်းချတဲ့အလုပ်ကိုလည်း သေချာလေးလုပ်ကိုင်နေခဲ့ပါတယ်။ အခုလို အလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်လို့ ပိုက်ဆံတွေအများကြီးရှိလာတဲ့ အချိန်ဆိုရင်တော့ ဆောင်းယွန်းက အလှူတွေကိုလုပ်ကိုင်သွားဖို့လည်း စိတ်ကူးနေခဲ့ပါတယ်။

ပိုက်ဆံအများကြီးရှိလာရင်အလှူတွေလုပ်မှာဖြစ်ပြီး အလုပ်မလုပ်ပိုက်ဆံမရှာဘဲ ထိုင်နေတဲ့သူတွေကို ချေးဖို့မဟုတ်တာကြောင့် တကယ်လို ပိုက်ဆံလိုအ်ပလို့အလုပ်လုပ်ချင်ရင် သူ့ကိုဆက်သွယ်ပြီး အလုပ်တောင်းလို့ရပါတယ်တဲ့။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဆောင်းယွန်းစံကတော့ တကယ့်ကို အလုပ်လိုချင်တဲ့ ဆန္ဒရှိရင်သူ့ဆီမှာ အလုပ်လာတောင်းပါတဲ့။

Chilli – CeleGabar
Source – Saung Yoon San

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …