ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် ဟက်ကတ်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ မိသားစုတွေကို ပိုမိုအချိန်ပေးပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပါတယ်။ ဟက်ကတ်ကတော့ ဒီနေ့မှာကျရောက်တဲ့ ကယားအမျိုးသားနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆုတောင်းမေတ္တာပို့သထားခဲ့ပါတယ်။
ဟက်ကတ်က ““Happy Kayah New Year” ယနေ့ ကျရောက်သော ကယားအမျိုးသားနေ့မှာ ကမ္ဘာပေါ် ရှိ လူမျိုး အသီးသီးပေါ်သို့ ပျော်ရွင် ကျမ်းမာ ငြိမ်သက် ဝမ်းမြောက်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”ဆိုပြီး ကမ္ဘာပေါ်မှာရှိတဲ့ တိုင်ရင်းသာမျိုးနွယ်စုတွေအားလုံး ပျော်ရွှင်ကျန်းမာစေဖို့ မေတ္တာမျှဝေထားတာပဲဖြစ်ပါတယ်။
မေတ္တာမျှဝေထားတဲ့ ဆုတောင်းစာလေးနဲ့ အတူ ရိုးရာဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ပုံလေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ ကယားအမျိုးသားနေ့မှာ ပရိသတ်တွေလည်း ကျန်းမာချမ်းသာနဲ့ လက်ရှိကျရောက်နေတဲ့ ကပ်ဘေးကြီးကလည်း အမြန်ဆုံး ပြီးဆုံးသွားပါစေလို့ CeleGabar0 ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Chilli – CeleGabar
Source – Saw Hackett