မိခင်ကွယ်လွန်တာ (၈)နှစ်ပြည့်အတွက်ရည်စူးပြီး နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ စိုးသူ

တခေတ်တခါက ပရိသတ်တွေအသည်းစွဲ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် သရုပ်ဆောင် ဆိုးသူကတော့ အသက် (၅၀) ကျော်လာပြီးနောက်ပိုင်းမှာ တရားဓမ္မတွေကိုလေ့လာရင်း အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်နေတာတွေ့ရပါတယ် ။ ဒီနေ့ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

၁၆ရက်နေ့ ဇန်နဝါရီ ၂၀၁၃ မှာကွယ်လွန်သွားခဲ့တဲ့ စိုးသူရဲ့ မိခင်ဟာ ဒီနေ့ ၁၆ ရက်နေ့ ဇန်နဝါရီ ၂၀၂၁ မှာ ကွယ်လွန်ခဲ့တာ (၈) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ကွယ်လွန်ခဲ့တာ (၈) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကျေးဇူးရှင်မေမေဒေါ်ခင်သူဇာ အတွက် ရည်စူးပြီးနေ့ဆွမ်းအလှူတော် ကုသိုလ်ပြုခဲ့တဲ့အကြောင်းကို အလှူပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဒီအလှူလေးကိုတော့ အဆိုတော် သရုပ်ဆောင် စိုးသူနဲ့အတူ သူငယ်ချင်းဖြစ်သူ ဦးကောင်းစံတို့က အတူတူလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ် ။ စိုးသူရဲ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Soe Thu
Emily (Cele Gabar)

Check Also

” အိပ်မက်ဆုံရာပြိုင်ပွဲရဲ့လက်ဦးဆရာခိုင်မြဲသာကို သီတင်းကျွတ်ဂါဝရပြုလက်ဆောင်​ေပးပို့ခဲ့တဲ့ ဟန်ထူးစျာန်”

CeleGabarပရိသတ်ကြီးရေ ဟန်ထူးသစျာန်ကတော့ အိပ်မက်ဆုံရာ ပြိုင်ပွဲအစီအစဥ်ကနေပရိသတ်တွေ အားပေးခဲ့ရတဲ့အဆိုတော်တစ်ဦးပါ။ ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးခဲ့ပြီး သူ့ရဲ့သီချင်းတွေကိုလည်းပရိသတ်များစွာကလက်ခံအားပေးလျက်ရှိပါတယ်။ အမြဲလိုလို ဆရာသမားများနဲ့စီနီယာများအပေါ်မှာ ဂရုတစိုက်အလေးထားရိုသေတတ်တာကတော့ ချီးကျူးစရာပါပဲနော်။အိပ်မက်ဆုံရာပြိုင်ပွဲကနေလူသိများလာတဲ့ဟန်ထူးစျာန်ကတော့ အိပ်မက်ဆုံရာပြိုင်ပွဲမှာယှဥ်ပြိုင်ခဲ့စဥ်က လက်ဦးဆရာဖြစ်တဲ့ ဆရာခိုင်မြဲသာကို သီတင်းကျွတ်ဂါဝရပြုလက်ဆောင်မွန်လေးတွေပို့သခဲ့တာပဲ …