ဖေဖေနဲ့ မေမေရဲ့ နှစ် (၃၀)ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ကြည်နူးဖွယ် Vlog လေးရိုက်ကူးခဲ့တဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ ဒီဇင်ဘာလ (၂၉) ရက်နေ့ကတော့ နာမည်ကြီး Beauty blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦး ရဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ နှစ်(၃၀) ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့ရက်လေးပဲဖြစ်ပါတယ် ။ ချီချီကတော့ မိဘတွေရဲ့ နှစ် (၃၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ကြည်နူးဖွယ် မိသားစု Vlog လေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်

Happy 30th Anniversary ပါဖေကြီးနဲ့ မေကြီး အခုလိုနှစ်တွေအကြာကြီး တစ်ယောက်အပေါ်တစ်ယောက်နွေးနွေးထွေးထွေးနဲ့ အတူတူရှိနေပေးလို့ ကျေးဇူးပါ အရမ်းလည်းချစ်တယ်နော် ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက နေခြည့်ဖေဖေနဲ့ မေမေရဲ့ နှစ် ၃၀ ပြည့် Anniversary Day လေးဆိုတော့ အဲ့ဒီနေ့ကို အမှတ်တရနေ့လေးအဖြစ် နေခြည်က ဖေဖေနဲ့မေမေတို့ရဲ့ အနှစ် ၃၀ ပြည့်ကနေပြီးတော့ နောက်နှစ်တွေအများကြီးကြာတဲ့အခါ Memory လေးတစ်ခုအနေနဲ့ပြန်ကြည့်လို့ရအောင် Vlog လေးရိုက်ထားတယ် ဆိုတဲ့စာသားလေးနဲ့အတူ မိသားစု ကြည်နူးဖွယ် Vlog လေးကို ပရိသတ်တွေကို ချီချီက မျှဝေပေးလာခဲ့ပါတယ် ။

ဖေကြီးကအရမ်းချစ်တတ်တာနော် နေခြည်တောင်သူတို့ကိုကြည့်ရင်းနဲ့တွေးနေတာ ဖေဖေ့လိုချစ်တတ်တဲ့ယောကျာ်းမျိုးတွေ့တော့မှပဲ ယောကျာ်းယူဖြစ်တော့မယ်နဲ့တူတယ် လို့လည်း အရွှန်းဖောက်ရေးသားထားပါသေးတယ် ။ ချီချီရဲ့ ပရိသတ်ကြီးအတွက်လည်း ကြည်နူးဖွယ် မိသားစု အမှတ်တရနေ့လေးအတွက် Vlog လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Chi Oo
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …