ဒလဘက်က ခေါ်လာ တဲ့ သားလေးကို ဆေးရုံတင်ထားရကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ခိုင်မိသားစုဂေဟာ ကို ဒလကနေ ရောက်ရှိလာတဲ့ (၄၄)ယောက်မြောက် ကလေးလေးရဲ့ အကြောင်းကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဒလ ဘက်မှ ခေါ်လာတဲ့ သားလေး မှာ ၂ ပေါင် ၃ အောင်စ ပဲ ရှိတဲ့ အတွက် အရေးပေါ် ဆေးရုံ တင်ပီး ICU ထဲမှာ ထည့်ထားတယ်လို့သိရပါတယ် ။

Covid ကာလမှာ အတတ်နိုင်ဆုံး ဂေဟာမှာ ထားချင်ပေမဲ့ အရေးပေါ် အသက် အန္တရာယ်မို့ ဆေးရုံ တင်ထားရပါတယ်…စွန့်ပစ်ကလေး ဖြစ်ပေမယ့် လည်း အသက် တချောင်း မို့ သူမတို့ဘက်က အတတ်နိုင်ဆုံး ကယ်တင်ရမှာဖြစ်တဲ့ အတွက် သားလေး ကံကောင်းပါစေလို့သာ ဆုတောင်း မေတ္တာပို့ပီး စောင့်ကြည့်နေတဲ့အကြောင်း ခိုင်နှင်းဝေက လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာပါ ။

ပရိသတ်တွေကတော့ သားလေး အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့အတွက် ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပါတယ် ။ ခိုင်နှင်းဝေကို လေးစားချစ်ခင်ကြတဲ့ ပရိသတ်ကြီးကလည်း ၄၄ ယောက်မြောက်သားလေး အမြန်ဆုံးကျန်းမာ လာစေဖို့ ဆုမွန်ကောင်းလေးတွေ ပေးခဲ့ကြပါဦးနော် ။

Sourcee : Khine Hnin Wai
Emiy ( Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …