ပရိသတ်ကြီးရေ.. မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမှာ ဦးဗေဒါအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ထူးခန့်ကျော် ဘုရားတည်ဖို့အတွက် ပရိသတ်တွေနဲ့အနုပညာရှင်အချို့နဲ့ ပရိသတ်အချို့က အလှူငွေတွေ လှူဒါန်းခဲ့ကြပါတယ် ။ လတ်တလောမှာတော့ ပြည်သူချစ်အနုပညာရှင် ချိုပြုံးကဘုရားတည်ဖို့အလှူငွေလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။
ခင်မင်သူတွေလူကြီးမင်းများ လက်ခုပ်တီးပါ မချိုသီချင်းဆိုမယ်ဆိုတဲ့ အကယ်ဒမီများရှင်အမေ ဒေါ်ချိုပြုံးနှင့် သမီးမနီတာမိသားစုတို့မှ ကျွန်တော်ဘုရားတည်ရာမှာ အလှူငွေ ၁၀၀၀၀၀ ကျပ်နဲ့ ကျွန်တော်ထံယုံကြည်စွာဖြင့်လာရောက်ခါ အရိုး အကြောလေးတွေကုသမှု့ပေးပါသောကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ချိုပြုံးရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
တချိန်ကအမေ့ ပါးတခြမ်းဘယ်သားနမ်းမလဲဆိုတဲ့ ဇာတ်ကားနဲ့ အမေချိုနဲ့ အတူ ဗီဒီယိုဇာတ်ဝင်ခန်း အတော်များများဆုံဖူးခဲ့ပြီး စိတ်ပါလက်ပါနဲ့ ကျွန်တော့်ကို သား အရင်းတစ်ယောက်သဖွယ်သဘောထားပြီး ရိုက်ကူးပေးမှုများကလည်းအင်မတန်ကျေးဇူးကြီးလှခဲ့ပါတယ် ။ အခုလိုအမေချိုအားတစ်ထောင့် တစ်နေရာမှပါရမီဖြည့် ကျေးဇူးဆပ်ခွင့်ကြုံခဲ့ရလို့လည်းအထူးပင်ကျေးဇူးတင်ရှိသလို အမေ တို့မိသားစုအလှူအတွက်သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ပါတယ် လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။
Source : Htoo Khant Kyaw
Emily (Cele Gabar)