မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားပြီး ဆယ်ကျော်သက်တွေ အရူးအမူးကြိုက်ကြတဲ့ Project-K အဖွဲ့ကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ် ။ ရုပ်ချောတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့ဦးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ပဲဖြစ်ပါတယ် ။
အမြဲတမ်းပျေ်ာပျော်နေတတ်ပြီး စနောက်နေတတ်တဲ့ ချမ်းမြေ့ဦးကတော့ Covid ကာလမှာ မဖြစ်ဖြစ်အောင် ငွေရှာရမယ်လေ ဆိုတဲ့စာသားလေးနဲ့အတူ မိခင်ဖြစ်သူနဲ့ အတူ ဂိမ်းဆော့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ သူတို့သားအမိနှစ်ယောက်ရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို အရမ်းကိုအချစ်ပိုနေကြတာလည်း တွေ့ရပါတယ် ။
ကိုယ်ကညစ်ရမလားမှတ်တယ် အမေကပိုညစ်တယ် လို့လည်း အရွှန်းဖောက်ရေးသားထားပါသေးတယ် ။ ပရိသတ်တွေကလည်း ကိုချမ်းရေ .. ကိုဗစ်ကာလမှာ ပိုက်ဆံရှာတာလည်း ရှာပေါ့ အမေ့ကိုတော့ မညစ်နဲ့လေ လို့ စနောက်ပြီး မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ချမ်းမြေ့ဦးတို့သားအမိနှစ်ယောက်ရဲ့ ပျော်ရွှင်စွာ ဂိမ်းဆော့နေတဲ့ ဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Chan Myae Oo
(Cele Gabar)