ရေစက် သီချင်းလေးနဲ့ Joox မှာ No (1) နေရာမှာ ရပ်တည်ခဲ့တဲ့ ကော်နီ

ပရိသတ်ကြီးရေ အနုပညာရှင်တွေရဲ့ သီချင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Joox ကတော့ သီချင်းကောင်းတွေကို တင်ဆက်ပေးနေပြီး လတ်တလောမှာတော့ No (1) နေရာမှာ ရပ်တည်နေတဲ့ သီချင်းလေးကို ပရိသတ်တွေကို တင်ဆက်ပေးလာခဲ့ပါတယ် ။ နှစ်တိုင်း ပရိသတ်တွေရဲ့ ရင်ဘတ်နဲ့ထပ်တူကျစေမယ့် သီချင်းတွေကိုတင်ဆက်ပေးနေပြီး အခုလက်ရှိထိတိုင်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိနေဆဲဖြစ်တဲ့ နိုင်ငံကျော်တေးသံရှင် “Connie” ရဲ့ “ရေစက်” သီချင်းလေးပဲဖြစ်ပါတယ်။

တေးသံရှင် ကော်နီကလည်း မကော် ၊ တီကော့်ကိုချစ်ခြင်းအားဖြင့် အားပေးဝန်းရံပေးခဲ့ကြလို့သာ ဒီလိုအမှတ်တရ မှတ်တိုင်လေး စိုက်ထူနိုင်ခွင့်ရခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်တာထက်ပိုပါတယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ ချစ်ရသူ ပရိသတ်တွေအတွက် ဘုရားက သူမကိုထပ်မံပေးတဲ့ အပိုဆုလေးကို, တတ်စွမ်းနိုင်ချိန်ထိ တန်ဖိုးထားလို့ကြိုးစားသွားမှာဖြစ်ကြောင်း ကတိစကားဆိုခဲ့ပါသေးတယ် ။

ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကတော့ ကော်နီရဲ့ ရေစက်သီချင်းလေးဟာ ပရိသတ်အကြိုက်နဲ့ထပ်တူကျပြီး No (1) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ပေးခဲ့ကြပါတယ် ။ ကော်နီကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ပေးခဲ့ကြပါသေးတယ် ။

Source : Tun Connie
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …