(၂၀၂၁) ရဲ့ပထမဆုံးအလှူလေးအဖြစ် ပိုင်တံခွန် လှူဒါန်းမယ့် သိမ်ကျောင်းလေးအတွက် လှူဒါန်းခဲ့တဲ့ မိုးယံဇွန်

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ အတော်လေး ရေပန်းစားအောင်မြင်လာတာ အားလုံးသိပြီးဖြစ်မှာပါ ။ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်သလို အာရှနိုင်ငံအချို့က ပရိသတ်တွေကလည်း သည်းသည်းလှုပ်အားပေးလာခဲ့ကြတာပါ ။

လက်ရှိမှာလည်း ပိုင်တံခွန်က သူမကြာသေးခင်ကမှ ရဟန်းဝတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းအိုလေးမှာ သိမ်ဆောက်လုပ်လှူဒါန်းဖို့အတွက် အလှူငွေ ကောက်ခံပြီး နိဗ္ဗာန်ဆော်ပေးနေတာဖြစ်ပါတယ် ။ သရုပ်ဆောင် မင်းသားချောလေး မိုးယံဇွန်ကလည်း ပိုင်တံခွန်ရဲ့ အလှူလေးမှာ ပါဝင်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

gym မှာဆုံတော့မှ ပိုင်တံခွန် မတည်ထားတဲ့သိမ်အလှူမှာ (၂၀၂၁) ရဲ့ပထမဦးဆုံးအလှူကို စပီးလှူဖြစ်တော့တယ် ဆိုတဲ့စာသားလေးနဲ့အတူ ဒီထက်ပို hot တဲ့ megastar ထပ်ဖြစ်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးကိုတောင်းပေးခဲ့ပါတယ် ။ မိုးယံဇွန်ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့အလှူလေးအတွက် သာဓုခေါ်ဆိုထားကြတာလည်းတွေ့ရပါတယ် ။

Source : Moe Yan Zun
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …