လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေပန်းစားနေတဲ့မင်းသားတစ်ယောက်နဲ့အမှတ်တရတွေကို မျှဝေလာတဲ့ ဟန်တီ

ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်အများဆုံး နာမည် ကြီး မော်ဒယ်၊ မင်းသားတစ်ယောက် အဖြစ် ရပ်တည်နေ သူပါ။ချောမောတဲ့ ရုပ်ရည်နဲ့ အပြောချိုချိုလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေ ရဲ့အသည်းစွဲမင်းသားလေးဖြစ်ခဲ့ပြီး မြန်မာမိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်လေးက အခုဆိုရင် အာရှနိုင်ငံအချို့က မိန်းကလေးပရိသတ်တွေကြားမှာ ပါ အရမ်းကို ရေပန်းစားနေပါပြီ။

 

လတ်တလောလူမှုကွန်ရက်စာမျက်နှာတွေထက်မှာ အရမ်းကိုနာမည်ကြီးနေသလို စင်္ကာပူက သတင်းစာမှာတောင် ထည့်သွင်းဖော်ပြခြင်းခံရတဲ့ ပိုင်တံခွန် အတွက် မြန်မာနိုင်ငံက ပရိသတ်တွေအားလုံးနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေ အားလုံးက ဂုဏ်ယူဝမ်းမြောက်နေကြတာပါ ။ ပရိသတ်အချစ်တော် မော်ဒယ်လ်မင်းသမီးလေး ဟန်တီကလည်း အများချစ်ခင်အားပေးနေကြတဲ့မင်းသားနဲ့ လွန်ခဲ့သောငါးနှစ်ခန့်က ရိုက်ထားတဲ့ပုံလေးတွေ တွေ့လို့အမှတ်တရ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ် ။

လွန်ခဲ့တဲ့ ငါးနှစ်က ပုံတွေ ဖြစ်လို့ ဝါးတားတားလေးဆိုတော့ ဘယ်သူတွေလဲ သိလား? လို့ မေးခွန်းထုတ်ထားပေမယ့် ပရိသတ်တွေကတော့ မြင်လိုက်တာနဲ့ ပိုင်တံခွန်ဆိုတာကို တန်းသိကြမှာပါနော် ။ ပြက္ခဒိန်ကနေ ပြန်ရိုက်ထားတဲ့ ပုံလေးတွေမို့ဝါးတားတားဖြစ်နေပေမယ့်လည်း ပရိသတ်တွေက ချစ်စရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေကို အားပေးဝန်းရံနေကြတာတွေ့ရပါတယ် ။

Source : Han Thi
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …