ဘယ်အနုပညာရှင်မှ မရရှိဘူးသေးတဲ့ မွေးနေ့လက်ဆောင်လေးကို အမာခံပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ ဟိုးငယ်စဉ်ကလေးဘဝကတည်းက အနုပညာအရည်အသွေးပြည့်ဝစွာနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိလာခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်းကတော့ လက်ရှိမှာ အသက်(၂၁)နှစ်အရွယ်ကိုတောင်ရောက်ရှိနေခဲ့ပါပြီ။ လက်ရှိအချိန်ထိအနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီး လူကြီးလူငယ်မရွေးအားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။

အမာခံပရိသတ်တွေများစွာကိုလည်း ပိုင်ဆိုင်ထားပြီး ယွန်းယွန်းရဲ့ အမာခံပရိသတ်တွေကတော့ ယွန်းယွန်းကိုတော်တော်လေးချစ်ခင်အားပေးကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကကျရောက်ခဲ့တဲ့ ယွန်းယွန်းရဲ့ (၂၁)နှစ်ပြည့်မွေးနေ့လေးအတွက်ကိုလည်း ပရိသတ်တွေက သတိတရနဲ့အမှတ်တရတွေဖန်တီးပေးခဲ့ကြပါသေးတယ်။ ဒါ့အပြင်လည်း ယွန်းယွန်းရဲ့ ပရိသတ်တွေက ယွန်းယွန်းရဲ့(၂၁)နှစ်ပြည့်မွေးနေ့အတွက်ကို အထူးခြားဆုံးလက်ဆောင်အဖြစ်နဲ့ မွေးနေ့သီချင်းလေးကိုပါဖန်တီးပြီး လက်ဆောင်ပေးခဲ့ကြပါသေးတယ်။

သီချင်းလေးထဲမှာတော့ သူတို့ချစ်ရတဲ့ ယွန်းယွန်းလေးအတွက် သူတို့ရင်ထဲကဆန္ဒတွေနဲ့ တောင်းပေးချင်တဲ့ ဆုမွန်ကောင်းတွေကို ပါထည့်သွင်းပြီးသီဆိုထားခဲ့ကြတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ယွန်းယွန်းကိုယ်တိုင်ကလည်း ပရိသတ်တွေဆီက အခုလို လက်ဆောင်လေးရရှိခဲ့တဲ့ အတွက် သူဟာအရမ်းကံကောင်းတာပဲလို့တောင် တွေးနေမိပါတယ်တဲ့။

Chilli – CeleGabar
Source – Million Reasons To Love Yoon Yoon

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …