ညီမဖြစ်သူရဲ့ အမိုက်စား Tik Tok လေးကို သဘောကျမဆုံးဖြစ်နေတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် Beauty Blogger သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို တော်တော်လေးရရှိနေခဲ့ပါတယ်။ ချီချီကတော့ သူ့ရဲ့မိသားစုတွေနဲ့လည်း ပရိသတ်တွေကို မကြာခဏဆိုသလို တွေ့ဆုံပေးလေ့ရှိတာကြောင့် ချီချီရဲ့ မိသားစုဝင်တွေက ပရိသတ်တွေနဲ့တော်တော်လေးကို ရင်းနှီးပြီးသားဖြစ်နေကြပါပြီ။

အထူးသဖြင့် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေတဲ့ ချီချီရဲ့ ညီမလေး စိမ်းလဲ့ကိုလည်း ပရိသတ်တွေကချစ်ခင်အားပေးနေကြပါသေးတယ်။ ဒီနေ့မှာလည်း ချီချီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိမ်းလဲ့လေးရဲ့ အမိုက်စားဆော့ကစားထားတဲ့ Tik Tok လေးကို မျှဝေလာခဲ့ပါတယ်။ ချီချီကိုယ်တိုင်ကလည်း ညီမလေးရဲ့ Tik Tok လေးကို “She’s on Fire”လို့မှတ်ချက်ပေးရလောက်အောင်ကို သဘောကျနေခဲ့တာပါ။

ပရိသတ်တွေကလည်းစိမ်းလဲ့လေးရဲ့ Tik Tok လေးကိုကြည့်ရှုပြီး စိမ်းလဲ့လေးက အစ်မဖြစ်သူ နေခြည်ဦးရဲ့ ခြေရာကိုနင်းနိုင်တဲ့အထိ အောင်မြင်မှုတွေရရှိမှာဆိုပြီး မှတ်ချက်ပေးပြောဆိုထားကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ စိမ်းလဲ့လေးရဲ့ အမိုက်စားTik Tok လေးကို ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Nay Chi Oo, Sane Let Yadanar

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …