သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲဝင်ရောက်လာတဲ့ နိုင်ငံကျော်အဆိုတော်ချမ်းချမ်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျလေ့ရှိပြီး ရေပန်းစားအောင်မြင်လေ့ရှိတယ်ဆိုရမှာပါ ။
လတ်တလောမှာတော့ သူမရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ အရောက်ပို့ပေးတော့မှာဖြစ်တယ်လို့သိရပါတယ် ။ ပရိသတ်တွေအတွက် မကြာခင် ချမ်းချမ်း နဲ့ ဇင်မင်းထက်ရဲ့ စုံတွဲသီချင်းသစ်လေး ထွက်ရှိလာတော့မှာဖြစ်ပြီး စောင့်မျှော်အားပေးကြဖို့ ပရိသတ်တွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တောင်းဆိုခဲ့တာဖြစ်ပါတယ် ။
သီချင်းလေးရဲ့ အမည်ကတော့ ဘဝရေစက် လို့ အမည်ရပြီး တေးရေး ရယ်ဂျီက ရေးသားပေးထားတာပဲဖြစ်ပါတယ် ။ ဒီ ဘဝရေစက် လို့အမည်ပေးထားတဲ့ တေးသီချင်းအသစ်လေးကို ဖေဖော်ဝါရီလ ပထမ အပတ်မှာ Music Video နဲ့အတူထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ် ။ ချမ်းချမ်းကို ချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးကလည်း စုံတွဲသီချင်းအသစ်လေးထွက်လာရင် အားပေးကြပါဦးနော် ။
Source : Chan Chan
Emily (Cele Gabar)