နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ ပိုပိုတစ်ယောက် ကျန်းမာရေးလိုက်စားပြီး အားကစားလိုက်စားနေတာကို ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါနော် ..။

 

လတ်တလောမှာတော့ မိန်းမ တစ်ယောက်ရဲ့ သဘာဝ ဆန်တဲ့ အလှများပေါ့ ဆိုတဲ့စာသားလေးနဲ့အတူ ပိုပိုက သူမလေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပိုက နုနု ရွရွ လေးလည်း နေတတ်တယ် သန်မာပြီး စိတ်ဓါတ် ပြင်းထန်တဲ့ သူ တစ်ယောက်လိုလည်းနေတတ်တယ် ဒါပေမယ့် ချစ်သူ ရှေ့ကျရင်တော့ နူးညံ့တဲ့ ကောင်မလေးဖြစ်သွားအောင် မောင့်အပြုံးတွေနဲ့ ပြုစားပေးပါ မောင် လို့လည်း ကဗျာဆန်ဆန်ရေးသားထားပါသေးတယ် ။

 

ပရိသတ်တွေကတော့ ပိုပို့ကို မိန်းကလေးလိုပဲ နေနေ ဘယ်လိုနေနေ ချစ်နေကြတယ်ဆိုတဲ့ အကြောင်းလေးတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ပိုပို ကိုချစ်တဲ့ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ပိုပိုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Po Po
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …