အသက်(၂၀) ပြည့်မွေးနေ့လေးမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တဲ့ အိစိကွေး

ဇန်နဝါရီလ (၂၁) ရက်နေ့ ဒီနေ့လေးကတော့ ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနှစ်မွေးနေ့လေးကတော့ အိစိရဲ့ အသက် (၂၀) ပြည့်တဲ့မွေးနေ့လေးဖြစ်ပြီး အိစိတစ်ယောက် အရမ်းကိုလူကြီးဆန်လာခဲ့တယ်လို့ဆိုရမှာပါပရိသတ်ကြီးရေ ..။

 

အိစိက မွေးနေ့မတိုင်ခင် ဇန်နဝါရီလ (၁၉) ရက်နေ့ထဲက သူ့ရဲ့မွေးနေ့အတွက် လိုချင်တဲ့ အရာလေးတစ်ခုကိုတောင်းဆိုခဲ့တာပါ ။ အိစိတောင်းဆိုခဲ့တာလေးကတော့ မွေးနေ့ ဆိုပေမယ့်လည်း ဒီကာလ မှာ လူတိုင်းအလုပ်မကောင်းကြတဲ့အတွက် မိဘတွေရော ချစ်ရတဲ့သူရော ချစ်ရတဲ့ ပရိသတ်တွေရော မိတ်ဆွေတွေရော အားလုံးကို လက်ဆောင်မပေးကြဖို့ အတွက် အားလုံးဘက်က ကြည့်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ် ။

မွေးနေ့လေးကို သတိတရလေးနဲ့ ဆုတောင်း လုပ်ပေးကြ ၊ အသိအမှတ်ပြုပေးကြရင် ကျေနပ်ပါပြီ ဖြစ်ကြောင်း နဲ့ မွေးနေ့မှာ အားလုံးနဲ့ ပုံမှန် ချစ်ချစ်ခင်ခင် နေခွင့်ရရင်ကို တကယ် ကျေနပ်ပါပြီလို့ သူ့ရဲ့ ဆန္ဒလေးကိုရေးသားဖော်ပြခဲ့တာပါ ။ အိစိ ရဲ့ အမာခံပရိသတ်တွေကတော့ လူကြီးဆန်ပြီး ကိုယ်ချင်းစာတရားပြည့်ဝတဲ့အိစိရဲ့ စိတ်ဓာတ်လေးကို လေးစားချစ်ခင်ကြောင်းနဲ့အတူ မွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။

Source : Eisi Kway
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …