ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ Mary ရဲ့ သီချင်းအသစ်

တေးသံရှင် အဆိုတော် မယ်ရီကတော့ ပရိသတ်တွေကို မိတ်ဆက်ပေးစရာမလိုအောင် ရင်းနှီးပြီးသားဖြစ်တဲ့ ပြည်သူ့အချစ်တော် အဆိုတော်မလေး ဖြစ်ပါတယ်။ “ဝဲ” ဆိုတဲ့ သီချင်းလေး တစ်ပုဒ်နဲ့ အွန်လိုင်းမီဒီယာထက်မှာ အားပေးမှု အတိုင်းအတာ တစ်ခုထိ ရရှိခဲ့ပြီး သူမဘယ်သူလဲ မသိခင်ကတည်းက အသံလေးနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတာပါ။

 

ဂျပန်နိုင်ငံမှာ ကြီးပြင်းနေထိုင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကိုကြိုးစားနေတဲ့ မယ်ရီကတော့ ပုရိသတွေရဲ့ အသည်းစွဲ နှစ်သက်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် အသစ်သစ်သော သီချင်းသစ်တွေကိုလည်း ထွက်ရှိအောင်ကြိုးစားနေတာဖြစ်ပြီး လတ်တလောမှာတော့ ပရိသတ်တွေအတွက် သူမရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

သီချင်းလေးရဲ့အမည်ကတော့ Mad Love လို့အမည်ပေးထားတဲ့ Mary နဲ့ The Zero အဖွဲ့ သီဆိုထားတာပဲဖြစ်ပါတယ် ။ ပရိသတ်တွေက တော့ သူမရဲ့သီချင်းအသစ်လေးကို အရမ်းကို ကြိုက်ကြောင်း မှတ်ချက်လေးတွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။ Mary ရဲ့ သီချင်းသစ်လေးကို နားမဆင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း သီချင်းအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Mary
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …