ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော်ကြီး ဦးကျော်ထူးကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးအဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ်ရောဂါကို ကုသဖို့အတွက် ကာကွယ်ဆေးဝယ်ယူဖို့အတွက် ဦးကျော်သူက တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
အလှူလေးကိုတော့ ဦးကျော်သူက ကွယ်လွန်းသွားပြီဖြစ်တဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေဖြစ်တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း၊ လူရွှင်တော်ကြီး ဦးဧရာ၊ လူရွှင်တော်ကြီး ဦးကင်းကောင်၊ ဦးရန်ပိုင်စိုး၊ လာဇရု တို့အတွက် ရည်စူးပြီး သူ့ရဲ့နှစ်ဦးလေးအဖြစ်နဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့အလှူလေးကို ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေနဲ့ တကွ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်ခဲ့ရတဲ့ (၇)ရက်သားသမီးကွယ်လွန်သူအားလုံးသာဓုခေါ်ဆိုဖို့ကိုလည်း အမျှပေးဝေထားပါသေးတယ်။
သာဓု သာဓု သာဓုပါဦးကျော်ထူးရေ အခုလို လှူဒါန်းရတဲ့ ကာလဒါန ကုသိုလ်လေးကြောင့် နောက်နောင်များမှလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ CeleGabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဦးကျော်ထူးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source – U Kyaw Htoo