သရုပ်ဆောင်ထူးခန့်ကျော်ဆီမှာ သွားရောက်ဆေးကုသခဲ့တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် မေတ္တာ

ပရိသတ်ကြီးရေ.. မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမှာ ဦးဗေဒါအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ထူးခန့်ကျော် ဘုရားတည်ဖို့အတွက် သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့ ဆေးကုသမှုပေးနေတာဖြစ်ပြီး ပရိသတ်တွေနဲ့အနုပညာရှင်အချို့နဲ့ ပရိသတ်အချို့က အလှူငွေတွေ လှူဒါန်းခဲ့ကြပါတယ် ။ လတ်တလောမှာတော့ ပြည်သူချစ်အနုပညာရှင် ဟာသ သရုပ်ဆောင်လူရွှင်တော် မေတ္တာက ဦးဗေဒါကြီးဆီမှာ လာရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့သိရပါတယ် ။

 

အခုလိုယုံကြည်စွာဖြင့်လာရောက်ကုသပြီး မိမိခံစားနေရသောဝေဒနာသက်သာပျောက်ကင်းသွားတယ်ဆိုတဲ့ ဟာသလူရွှင်တော်ဦးမေတ္တာအားအထူးပင်ကျေးဇူးတင်ပါတယ်နော် အခုလို၇နှစ်ရက်သားသမီးများရဲ့အရိုး အကြောနှင့်ပတ်သက်သောဝေဒနာများအား တစ်ဒေါင့်တစ်နေရာမှပါရမီဖြည့်ကုသခွင့်ရခဲ့မှု့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ် လို့ သရုပ်ဆောင် ထူးခန့်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ဦးမေတ္တာလည်းကျန်းမာပြီး ကိုထူးခန့်ကျော်လည်းခုနစ်ရက်သားသမီးများရဲ့ ရောဂါဝေဒနာများကိုသက်သာပျောက်ကင်းအောင်ဆထက်တိုးလို့ကုသနိုင်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းတွေ ပေးထားကြတာတွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် ဦးမေတ္တာဆေးကုသတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Htoo Khant Kyaw
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …