ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာကိုသွားရောက်ပြီး အလှူလေးတစ်ခုသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးမျာ ဂေဟာမှာရှိတဲ့ ကလေးတွေအတွက် လိုအပ်တာတွေကို ဒီဒီး သူတတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးခဲ့တာပါ။
ကလေးတွေအတွက် အထွေထွေအသုံးစရိတ်အဖြစ် အလှူငွေ ငွေသား (၃)သိန်းနဲ့ အတူ (ငွေကျပ် (၁၆)သိန်း ခန့်) တန်ဖိုးရှိတဲ့ Plume Small Baby ပစ္စည်းများ၊ OHGIYA Cheese များ သွားရောက်လှူဒါန်းပေးခဲ့ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူ့ရဲ့ဂေဟာကကလေးတွေအတွက်အခုလို လိုအပ်တာတွေလာရောက်လှူဒါန်းပေးတဲ့ စန္ဒီမြင့်လွင်ကို ကျေးဇူးတင်ရှိကြောင်း နဲ့ အလှူမှတ်တမ်းပုံရိပ်လေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။
အလှူမှတ်တမ်းပုံရိပ်လေးနဲ့ အတူ အခုလိုလာရောက်လှူဒါန်းပေးတဲ့ အတွက် ဒီဒီးတို့မိသားစုတွေ ဆန္ဒနဲ့ ဘဝ တထပ်ထဲကျပါစေ..စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး ဒီထက်မက အောင်မြင်ပါစေ လို့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဒီဒီးရဲ့အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source- Khine Hnin Wai