ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ ညီအစ်ကို နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ကလေးသရုပ်ဆောင်နှစ်ယောက်ပဲဖြစ်ပါတယ်။ အသက်သာငယ်ပေမဲ့ အနုပညာအရည်အသွေးအပြည့်အဝရှိပြီး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ ကလေးတွေလည်းဖြစ်ပါတယ်။
ဇွဲဝေယံထက် ဇွဲဝေယံထူးတို့ ညီအစ်ကိုကတော့ လူကြီးမိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာပြီး ဘာသာတရားလည်းကိုင်းရှိုင်းကာ အလှူအတန်းတွေကိုလည်း အားတက်သရောနဲ့ ပြုလုပ်နေခဲ့ပါသေးတယ်။ဒီနေ့မှာလည်း ညီအစ်ကိုနှစ်ယောက်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၆)ရပ်ကွက်၊ ပုဏ္ဏမီလမ်းနှင့်ကျန်စစ်သားလမ်းထောင့်၊ မှန်ကင်း ပရဟိတကျောင်းတိုက်အမှတ် (၂)မှာရှိတဲ့ မိဘမဲ့ကလေးတွေအတွက် မုန့်တွေသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
မှန်ကင်းကျောင်းအတွက်ကိုတော့ ဒီလိုအလှူလေးကို ဇွဲဝေယံထက်၊ဇွဲဝေယံထူးတို့ညီအစ်ကိုက လစဉ်လတိုင်း သွားရောက်ပြုလုပ်နေခဲ့တာလို့လည်း သိရှိရပါတယ်။ CeleGabar ပရိသတ်ကြီးရေ အသက်ငယ်ငယ်နဲ့ အလှူအတန်းတွေကို အားတက်သရောလုပ်ဆောင်နေတဲ့ အမွှာညီအစ်ကိုရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူးဖွယ်ရာပါပဲနော်။
Chilli – CeleGabar
Source – Zwe Waiyan Htet, Zwe Waiyan Htoo