ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ထက်ထက်မိုးဦးကတော့ သူ့ရဲ့ချစ်ရတဲ့ ပရိသတ်တွေနဲကအတူစုပေါင်းပြီး သူတတ်နိုင်သလောက်အလှူလေးတွေပြုလုပ်နေခဲ့ပါတယ်။ ထက်ထက်ကတော့ သူရဲ့ချစ်ရတဲ့ သူတွေနဲ့စုပေါင်းပြီး အမြဲတမ်းလိုလို အလှူတွေကို ပြုလုပ်လေ့ရှိသူပါ။
လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ကြောင့် ဖွင့်လှစ်ထားတဲ့ ကွာရာတင်းစင်တာတွေမှာလည်း မုန့်တွေ အချိုရည်ဘူးတွေ ရေဘူးတွေနဲ့ လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ထက်ထက်က သူ့ရဲ့ပရိသတ်တွေနဲကအတူ မန္တလေးမှာရှိတဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကျောင်း တို့ကို မုန့်တွေလှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။
ထက်ထက်က လှူဒါန်းတဲ့အလှူတွေကို သူကိုယ်တိုင်လိုက်လံလှူဒါန်းချင်ပေမဲ့လည်း သူ့ရဲနှလုံးရောဂါကျန်းမာရေးအခြေအနေနဲ့ ကိုဗစ်ကာလလည်းဖြစ်နေတာမို့ဂရုစိုက်နေရတဲ့အတွက် ကိုယ်တိုင်လိုက်လံမလှူဒါန်းရတဲ့အတွက် စိတ်မကောင်းဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ထက်ထက်ကတော့ ကိုဗစ်ပြီးရင်သူငယ်ငယ်ကလို အလှူကြီးတွေအတူတူလုပ်သွားဦးမှာပါတဲ့နော်။
Chilli – CeleGabar
Source – Htet Htet Moe Oo