မကြီးစန်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ မိတ်ကပ်ခင်စန်းဝင်းကတော့ မိတ်ကပ်ပညာမှာလူတကာကလေးစားရတဲ့ ဆရာတစ်ဆူပါ။ မကြီးစန်းကတော့ အခုလို အောင်မြင်မှုတွေမရခင်ခက်ခက်ခဲခဲနဲ့ ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
“၁၉၉၅ခုနှစ်လောက်ကပေါ့။ ဘဝအတွက်ရုန်းကန်တက်ကြွတဲ့လူငယ်လေးတယောက် တစ်လကို(၈၀၀)ကျပ်ပေးရတဲ့အိမ်အရှေ့ခန်းလေးကို ဆိုင်ခန်းလုပ်ပြီးဘဝကိုစလျှောက်ခဲ့ရတာပေါ့။ အရင်တုန်းကဖရေဇာအခုအနော်ရထာလမ်းမပေါ်(၃၄)လမ်းထိပ်မှာပေါ့။ အခက်ခဲတွေပေါင်းစုံရင်ဆိုင်ပြီးနေရတဲ့အိမ်ကရွှေပြည်သာမှာ,ည၁၀နာရီအပြင်မထွက်ရအမိန့်နဲ့ဆိုင်လူကျလို့နောက်ကျတဲ့နေ့တွေဆိုအိမ်ပြန်ဖို့မမှီလို့ဆိုင်ရှင်ကလည်းညအိပ်လက်မခံလို့လှေခါးမှာတိတ်တဆိတ်ညအိပ်ခဲ့ရတာတွေဘယ်သူသိနိုင်မလဲ။ သူငယ်ချင်းတွေအိမ်မှာအကူညီတောင်းပြီးညလိုက်အိပ်ပြန်တော့တစ်ညအပြင်(၂)ညဆက်အိပ်ဖို့သူ့ရဲ့ညီအစ်ကိုမောင်နှစ်မတွေကလက်မခံတော့လိုက်အိပ်ခွင့်မရ။
အခန်းဌားပြီးနေဖို့ကျတော့ဆိုင်ခန်းတောင်အမဆွဲကြိုးရောင်းပြီးဌားခဲ့ရတာဆိုတော့ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ တစ်ခါတစ်လေရန်ကုန်ဘူတာကြီးမှာမနက်အစောကြီးရထားစီးဖို့ညကတည်းကစောင့်စီးတဲ့ခရီးသည်လိုလိုတစ်ညလုံးမိုးလင်းခဲ့ရတာတွေလဲရှိခဲ့တယ်။”ဆိုပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများစွာကို ပင်ပန်းစွာနဲ့ ဖြတ်ကျော်ခဲ့ရတာတွေကို မျှဝေဖော်ပြထားခဲ့တာပါ။
Chilli – CeleGabar
Source – Khin San Win